Headlines

အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆို

ဇွန်လ ၁၇ ရက်။

အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အစ္စရေးအပေါ်ဩဇာလွှမ်းမိုးမှုကြီးတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆိုထားတယ်လို့ အီရန်သတင်းရင်းမြစ်နှစ်ခုနဲ့ ဒေသတွင်းသတင်းရင်းမြစ်သုံးခုက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

အီရန်သတင်းရင်းမြစ်တစ်ခုက အပစ်အခတ်ရပ်စဲရေးရှိပါက နူကလီးယားဆွေးနွေးပွဲများကို အီရန်ဖက်က ပြန်လည်ပြုလုပ်ရန် ဆန္ဒရှိတယ်လို့ အီရန်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ နှစ်နိုင်ငံပဋိပက္ခထိန်းချုပ်မှုမဲ့စွာ ဖြစ်ပွားလာမည်ကို ပင်လယ်ကွေ့နိုင်ငံများအနေနဲ့ စိုးရိမ်ပူပန်နေပြီး အစ္စရေးကို အပစ်အခတ်ရပ်စဲရေးသဘောတူညီရန်နဲ့ နူကလီးယားသဘောတူညီချက်ရရှိရေးအတွက် တီဟီရန်နဲ့ဆွေးနွေးပွဲများပြန်လည်စတင်ဖို့ ဝါရှင်တန်က နှစ်နိုင်ငံကို ဖိအားပေးဖို့လိုအပ်လို့ ကာတာ၊ အိုမန် နဲ့ဆော်ဒီအာရေဗျ နိုင်ငံတို့အနေနဲ့ ဝါရှင်တန်ကို ဖိအားပေးတိုက်တွန်းပေးရန် အီရန်ကတောင်းဆိုထားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြတာဖြစ်ပါတယ်။

အီရန်အနေနဲ့ နူကလီးယားဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရေး ကြားဝင်စေ့စပ်ပေးရန် အာတာနဲ့အိုမန်တို့ကိုဆက်သွယ်ခဲ့ပေမယ့်လည်း အစ္စရေး နဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ရမည်ဟု တောင်းဆိုခဲ့ပါတယ်။ အီရန်အနေနဲ့ တိုက်ခိုက်ခံရချိန်မှာ ဆွေးနွေးပွဲလုပ်ဆောင်ရန် အဆင်ပြေမည်မဟုတ်ပဲ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်မှုပြီးဆုံးမှသာ အလေးအနက်ဆွေးနွေးမှုကို စတင်နိုင်မည်ဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်၊ ပင်လယ်ကွေ့နိုင်ငံများနဲ့ အီရန်နိုင်ငံတို့အကြား ဆက်သွယ်မှုများသိရှိထားတဲ့ အီရန်အရာရှိတစ်ဦးက ပြောပါတယ်။

အီရန်နဲ့အစ္စရေးနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနအနေနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အိုမန်သတင်းအချက်အလက်ဝန်ကြီးဌာန၊ အစ္စရေးဝန်ကြီးချုပ်ရုံး၊ အိမ်ဖြူတော်နဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို မှတ်ချက်တောင်းရန်ဆက်သွယ်ပေမယ့် မည်သည့်တုံ့ပြန်မှုမှမရှိသေးဘူးလို့ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုကို အဆုံးသတ်ရန် သံတမန်ရေးရာ နည်းလမ်းတစ်ခုကို စီစဉ်နေခြင်းရှိမရှိ မေးမြန်းသည့်အခါ အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi က တနင်္လာနေ့တွင် Army Radio ကို “ဒါအတွက်တော့ နည်းနည်းစောပါသေးတယ်။ စစ်တိုက်ပြီး သုံးရက်အကြာမှာ အဆုံးသတ်ဖို့ ကြည့်နေကြတာမျိုး မဟုတ်ပါဘူး” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

အီရန်က ၎င်းရဲ့ နူကလီးယားအစီအစဉ်ဟာ အရပ်ဖက်သုံးဖြစ်ပြီး စစ်ဖက်သုံးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူရဲ့လူမှုကွန်ယက်မှာ အီရန်အနေနဲ့ နူကလီးယားလက်နက်ထုတ်လုပ်လို့လုံး၀မဖြစ်နိုင်ဘူး။ ဒါကို ကျွန်တော်အထပ်ထပ်အခါအခါပြောပြီးပြီလို့ရေးသားထားပြီး တီဟီရန်ကပြည်သူတွေအမြန်ဆုံး မြို့ကနေအမြန်ဆုံးတိမ်းရှောင်ကြပါ လို့အသိပေးထားပါတယ်။

အီရန်-အစ္စရေးတိုက်ခိုက်မှု ငါးရက်ရှိလာချိန်မှာ အီရန်ဖက်က စစ်ခေါင်းဆောင်များနဲ့နူကလီယားပညညာရှင်များအပါအဝင် အရပ်သားလူပေါင်း ၂၂၄ ဦးသေဆုံးကာ ထောင်ချီဒဏ်ရာရသလို အစ္စရေးဖက်ကလည်း အနည်းဆုံးလူ ၂၄ ဦးသေဆုံးပြီး ရာဂဏန်းဒဏ်ရာရရှိတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *