Headlines

ဟားခါးမြို့မှာ လုပ်ငန်းတင်ဒါ လာလျှောက်သူတွေ အရင်နှစ်တွေထက် သိသိသာသာပိုများလာ

ဇွန်လ ၉ ရက်။

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ဒီနှစ် ၂၀၂၅ ခုနှစ်မှာ စစ် ကောင်စီခန့်ချင်းပြည်နယ်အစိုးရက ချပေးတဲ့ ဘက်ဂျက်နှစ်အသစ်အတွက် လုပ်ငန်းတင်ဒါ လာလျှောက်သူတွေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ဒီနှစ်တင်ဒါလာလျှောက်တာအများကြီးဘဲ လမ်းဦးစီး၊ နတလ ၊ ကျေးလက်၊ စည်ပင်၊ ဆည်မြောင်း တွေပေါ့ အနယ်နယ်အရပ်ရပ်က လာလျှောက်ကြတယ်၊ လမ်းပြုပြင်တာတို့ စတာတွေအတွက်ပေါ့ ကျေးလက်နေထိုင်သူတွေလည်း အများအပြားလာလျှောက်ကြတယ်လို့ သိရတယ်” လို့ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း ဘက်ဂျက်အသစ်အတွက် ဧပြီလကနေစတာဖြစ်ပြီး ဧပြီလ ၊ မေလအတွင်းမှာ သတင်းစာတွေကနေ တဆင့်ကြော်ညာတာတွေလုပ်ပြီး ဇွန်လ လောက်မှာ တင်ဒါလျှောက်တာတွေ စတင်လုပ်ဆောင်တာလို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် ချင်းပြည်နယ်အတွက် ဘက်ဂျက်အသစ်မှာ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့အတွက် ဘက်ဂျက်ကို သိသိသာသာ အမြောက်အများချပေးထားပြီး တီးတိန်မြို့နယ်၊ ကလေးမြို့တို့ကနေ လာလျှောက်သူ များတယ်လို့ သိရပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်အများစုကို ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက ဟားခါးနဲ့တီးတိန် ၂ မြို့ ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *