
ချင်းပြည်နယ် လောက်တူဒေသအတွင်း Wifi internet တပ်ဆင်တာတွေ အပြင် လူမှုကွန်ယက်အသုံးပြုခြင်းတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေ လိုက်နာရမယ့် ဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းတွေကို လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ Wifi ဆက်သွယ်ရေး စက်ပစ္စည်းတွေကို မိမိကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ်လုပ်ငန်းတွေအတွက်ဖြစ်စေ တပ်ဆင်ခြင်းမပြုဖို့နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ သတ်မှတ်ထားတဲ့ စည်ကမ်းချက်နဲ့အညီ တပ်ဆင်သုံးစွဲဖို့နဲ့ လုံခြုံရေးထိစေနိုင်တဲ့ အချက်အလက်၊ မှတ်တမ်းဓာတ်ပုံ နဲ့ တည်နေရာတွေ ဖော်ပြတာ ဖြန့်ဝေတာ၊ ရေးသားတာတွေ မလုပ်ရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုကြား စည်းလုံးညီညွှတ်မှုပျက်ပြားစေနိုင်တဲ့ လှုံဆော်ရေးသားတာတွေ ကန့်သတ်တားမြစ်နယ်တွေကို မှတ်တမ်းဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ယူတာ၊ အသံဖမ်းတာတွေ စတာတွေ မလုပ်ရဘူးလို့ အသိပေးထားပြီး ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ မတူပီမြို့နယ်တွေက လောက်တူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသတွေကို အုပ်ချုပ်စီမံ ေနတာဖြစ်ပါတယ်။