Headlines

မတူပီ – မင်းတပ်လမ်း ပြုပြင်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သွားလာခြင်းမလုပ်ဖို့ အသိပေး

ဇွန်လ ၆ ရက်။

ချင်းပြည်နယ်တောင်ပိုင်းက မတူပီ – မင်းတပ်လမ်းကို ပြုပြင်နေတာကြောင့် ဇွန်လ ၆ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ ( CDF – Matupi ) က ဇွန်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မတူပီပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာအဓိကလမ်းဖြစ်တဲ့ မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၉၁) မှာ ယိုယွင်းပျက်စီးနေတဲ့အတွက် (MRO)/ ( CDF – Matupi ) အနေနဲ့ ပြုပြင်တဲ့ကာလကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း မိုးများသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လုပ်ငန်းမပြီးမစီးနိုင်သေးတာကြောင့် ဆက်လက်ပြုပြင်လျှက်ရှိနေတယ်လို့ ဆိုပါတယ်။

မတူုပီမြို့ကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့ပြီး မတူပီမြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း CDF – Matupi က ဆက်လက်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *