Headlines

မတူပီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ပေါင်းစုများအပေါ် ကျေးဇူးတင်ကြောင်း ၁ နှစ်ပြည့် မတူပီမြို့သိမ်းအောင်ပွဲ အတွက် MRO/CDF – Matupi မှ ကြေညာ

ဇွန်လ ၂၉ ရက်။

မတူပီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော်၊ ယောတပ်နှင့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တပ်ပေါင်းစု အယောက်ချင်းစီတိုင်းအပေါ် ကျေးဇူးတင်ကြောင်း မတူပီမြို့သိမ်းတိုက်ပွဲအောင်မြင်စွာပြီးဆုံးခဲ့တာ ၁ နှစ်ပြည့်တဲ့ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO/ CDF – Matupi) က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေး – မတူပီ အမည်နဲ့ မတူပီမြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာ၊ ခလရ (၁၄၀) နဲ့ ခလရ (၃၀၄)တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွက် တစ်စိုက်မတ်မတ် ထောက်ပို့လမ်းစဉ်အတိုင်း မြေပြင်တော်လှန်ရေးအဖွဲ့များအား အဖက်ဖက်မှ တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ နိုင်ငံတကာထောက်ပို့အဖွဲ့များကိုကျေးဇူးတင်ကြောင်း MRO/CDF -Matupi ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်ပြီး ယခုအခါ CDF – Matupi အနေနဲ့ မြို့ပြန်လည်တည်ဆောက်ရေး၊ မိုင်းရှင်းလင်းရေး၊ ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြည်သူများရဲ့အခြေခံလိုအပ်ချက်များဖြည့်တင်းနိုင်ရေး နဲ့ မတူပီမြို့အား စစ်ကောင်စီလက်အောက် ပြန်လည်မရောက်ရှိစေရန်အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတဲ့ တပ်ပေါင်းစုများ၊ ပြည်တွင်းပြည်ပရောက် ပြည်သူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ MRO/CDF – Matupi အနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်။

တစ်နှစ်ပြည့် မတူပီမြို့သိမ်းတိုက်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်နေ့မှစ၍ လာမယ့် အနာဂါတ်တွင်လည်း ပိုမိုအားကောင်းတဲ့ ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မဟာမိတ် ပေါင်းစည်းမှု၊ ၀ိုင်းဝန်းဖေးမမှုဖြင့် ဆက်လက်ပါဝင်ပေးကြရန် MRO/CDF-Matupi ကတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *