Headlines

မကွေးတိုင်းမှာ အရှိုချင်းကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ထုတ်ပြန်

ဇွန်လ ၆ ရက်။

ဇွန်လ ၂ ရက်နေ့က မကွေးတိုင်းတစ်နေရာမှာစစ်ကောင်စီတပ်ဖွဲ့ နဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့ အကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ACDF က ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းနီလေဗွေက “ တိုက်ပွဲက မကွေးတိုင်းထဲမှာဖြစ်တယ် ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး ရန်သူဘက်က ထိတွေ့မှု့ဖြစ်ပြီး ပြန်ဆုတ်သွားကြတယ် လက်ရှိမှာတော့ ထိတွေ့တိုက်ပွဲတွေတော့ မရှိသေးဘူး” လို့ပြောပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဒေသ ၁ တစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဇွန်လ ၂ ရက်နေ့က ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူလည်း များကာ ၊ထိတွေ့မှုအပြီး ACDF ဘက်က ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ Ma – 1 တစ်လက် ၊ ကျည်ဘောက် ၅ ဘောက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း ACDF က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *