Headlines

တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual ဒေသကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲပြီး ဒေသခံ တစ်ဦး ဒဏ်ရာ ရရှိ

ဇွန်လ ၂၄ ရက်။

ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကလေး-တီးတိန် လမ်းမကြီး ပေါ်ရှိ အများအပန်းဖြေရာ နေရာ တစ်ခု ဖြစ်တဲ့ တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual အနီးတဝှိုက်ကို စစ်ကောင်စီ လေတပ်မှ ဗုံး နှစ်လုံး ကြဲချခဲ့တာ ကြောင့် အနီးအနား နေ ဒေသခံ တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရပါတယ်။

“တက်လာတဲ့ တိုက်လေယာဉ်က ဗုံး ၆ လုံးလောက် ကြဲချ ခဲ့တယ်။ နှစ်လုံးက လေထန်ကုန်း လို့ ခေါ်ကြ တဲ့ ထုတ်လိုင် လမ်းခွဲ အနားကို ကျ ပေါက်ကွဲ သွားတယ်။ ဒေသခံ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်။ နီးစပ်ရာ ကျန်းမာရေး စင်တာမှာ ပို့ဆောင် ကုသ ပေး နေတယ်။ မစိုးရိမ်ရပါဘူး” လို့ တီးတိန်မြို့ဒေသခံတစ်ဦးက Chin World Media ကိုပြောပါတယ်။

“စစ်လေယာဉ် ပျံတက်လာပြီး မကြာဘူး၊ ဗုံး ပေါက်ကွဲသံတွေ ကြား ရတယ်။ ရာသီဥတုကြောင့် နေရာ တော့ မသိရ သေးဘူး။ ကျွန်တော်တို့တွေ အတော် လန့် ခဲ့ရတယ်။ ဘာအကာအကွယ်မှ လည်း မရှိသေးဘူး လေ” လို့ စစ်လေယာဉ် ပျံသန်းရာ လမ်းကြောင်း ပေါ်ရှိ ဒေသခံ တစ်ဦး က Chin World Media ကို ပြောပြပါတယ်။

လက်ရှိမှာ ကလေး-တီးတိန် လမ်းမကြီး ပေါ်ရှိ ထေးဇန် ရွာ အောက်နားမှာ ကလေးမြို့မှ ချင်းပြည်ကို မေလ ၁၉ ရက်နေ့မှာ တက်လာတဲ့ စစ်ကောင်စီစစ်တပ်ကို ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစုတွေက ခုခံ တားဆီး နေပြီး ရက်ဆက် နီးပါး ပစ်ခတ်ကာတိုက်ပွဲ ဖြစ်နေ တယ်လို့ လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ နဲ့ နီးစပ်သူ ထံမှ ဆက်လက် သိရှိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အနီးရှိ အပန်းဖြေ စခန်း တစ်ခု ဖြစ်သော ခိုင်ကမ်းဆင်စခန်း ကို စကစမှ ဗုံးကြဲ ခဲ့တာကြောင့် အသက် ၁၆ နှစ် အရွယ် ဆင်ထိန်း လုပ်သား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ပါတယ်။

စစ်ကောင်စီ လေတပ်မှ တီးတိန် မြို့နယ် လေသာ တောင်တန်း အရှေ့ဘက်ရှိ တိုက်ပွဲ ဖြစ်ပွားရာ နေရာ မှမဟုတ်သော အများသွားလာ အပန်းဖြေရာ နေရာများကို ဦးတည်ပြီး ရက်ဆက် ဗုံးကြဲ တိုက်ခိုက် မှုများ ရှိလာတာကြောင့် ဒေသခံများ အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ အတွက် စိုးရိမ် ထိတ်လန့် နေကြတယ်လို့ လည်း ဒေသခံများ ထံမှ သိရှိရပါတယ်။

လေထန်ကုန်း ခေါ် Thangmual ဟာ သိုင်းငင်းရွာ အထက်ပိုင်း ကလေး-တီးတိန် လမ်းမကြီး ပေါ်မှာ တည်ရှိပြီး ဗြိတိသျှ အစိုးရမှ ဖို့ဝှိုက် (Fort White) ဟု နာမည် ပေးခဲ့တဲ့ စစ်စခန်း တည်ရှိရာ နေရာ လည်း ဖြစ်ပါတယ်။ တောင်တန်း ရှုခင်း အလှ နှင့် အဆက်မပြတ် တိုက်ခတ်သော အေးမြတဲ့ တောင်ထိပ် လေကြောင့် အများပြည်သူသွားလာ ပန်းဖြေရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *