Headlines

စည်ပင်သာယာရေးဥပဒေကို လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့ကြောင်း CDF-Lautu ထုတ်ပြန်

ဇွန်လ ၉ ရက် ။

တော်လှန်ရေးကာလအတွင်း ပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် စည်ပင်သာယာရေးဥပဒေကို လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ဒုတိယအကြိမြောက် ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ Chinland Defense Force – Lautu (CDF-Lautu) က ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လောက်တူပြည်သူ့ရေးရာကောင်စီဟာ လောက်တူဒေသအတွက် အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာအရပ်ဖြစ်သည့်အညီ တော်လှန်ရေးကာလအတွင်း ပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ကိုယ်စားလှယ် Salai Pa Bi ကပြောပါတယ်။

လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ကိုယ်စားလှယ် Salai Pa Bi က “တော်လှန်ရေးကာလဖြစ်စေကာမူ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရှေးရှုရမှာဖြစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးကို ချဉ်းကပ်တဲ့နေရာမှာ စနစ်တကျဖြစ်ဖို့ လိုအပ်ပါတယ် ဒါကြောင့် ကျနော်တို့ စည်ပင်သာရေးဥပဒေကို ပြဌာန်း လိုက်ပြီးတော့ ဥပဒေနဲ့အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါဥပဒေသမှာတော့ ဒေသအဆင့် စည်ပင်သာယာရေး၊ မြို့အဆင့်စည်ပင်သာယာရေး၊ ရပ်/ကျေးအဆင့် စည်ပင်သာယာရေးအတွက် တာဝန်ယူရမယ့် ကော်မတီအသီးသီးနဲ့ လုပ်ငန်းတွေလည်းပါတယ်” လို့ Chin World Media ကိုပြောပါတယ်။

လောက်တူပြည်သူ့ရေးရာကောင်စီ၊ ဒုတိယကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ လောက်တူဒေသ လွတ်မြောက်တစ်နေရာမှာ ကျင်းပခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် ကောင်စီကိုယ်စားလှယ် ၅၇ ဦးနဲ့ လေ့လာသူ (၇) ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကောင်စီမှဖွဲ့စည်းတဲ့ ကော်မတီဝင်တွေ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့တယ်လို့လည်း Chinland Defense Force – Lautu က ထုတ်ပြန်ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေး၊ လုပ်ငန်းစဉ်တွေ ချခြင်း၊ တော်လှန်ရေးကာလ ကဏ္ဍအသီးသီး၏ အရေးကြီးတဲ့ မူဝါအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အထွေထွေမှတ်တမ်း စုစုပေါင်း ၃၆ ချက် ချမှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CDF – Lautu တပ်ဖွဲ့ဟာ ချင်းပြည်နယ်၊ထန်တလန်မြို့နယ်နဲ့မတူပီမြို့နယ်က လောက်တူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသကို ထိန်းချုပ်ထားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *