Headlines

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC Flyweight နံပတ် ၁ ဖိုက်တာ ဒီလထဲ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ UFC 316 ပြိုင်ပွဲယှဉ်ပြိုင်ထားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဒီလထဲ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲမှာ UFC Flyweight နံပတ် ၁ ဖိုက်တာ Brando Royval နဲ့ ထပ်ပြီး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။

မှုလက UFC Flyweight အဆင့် ၁ ဖိုက်တာ Brando Royval နဲ့ Manel Kape တို့ကို ပွဲတည်ပေးပေမယ့် Manel Kape ဘက်က ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပြီး Joshua Van က အစားဝင်ထိုးဖို့ သ​ေဘာတူခဲ့သလို Joshua Van ကိုယ်တိုင်ကလည်း အခုပွဲကို အတည်ပြုထားတဲ့ကြောင်း၎င်းရဲ့ လူမှု့ကွန်ယက် ဖေ့ဘုတ်ကနေတဆင့် ဖော်ပြထားပါတယ်။

UFC Flyweight နံပတ် ၁ နေရာက Brando Royval ဟာ အသက် ၃၂ နှစ်အရွယ် ၊ အရပ် ၅ ပေ ၉ လက်မရှိသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ပြိုင်ပွဲပေါင်း ၂၄ ပွဲထိုးသတ်ထားသူဖြစ်ကာ ၁၇ ပွဲနိုင်၊ ၇ ပွဲ ရှုံးနိမ့်ထားသူလည်းဖြစ်ပြီး UFC ပြိုင်ပွဲမှာတော့ ၁၀ ပွဲထိုးသတ်ထားပြီး ၇ ပွဲနိုင်၊ ၃ ပွဲရှုံးထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဇွန်လ ၇ ရက်နေ့မှာ ဘရာဇီးလ်ဝါရင့်ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပြိုင်ဘက် ဘရာဇီးဖိုက်တာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူခဲ့ပါတယ်။

မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိ UFC ပြိုင်ပွဲပေါင်း ၈ ပွဲအထိ ထိုးသတ်ထားပြီး ၇ ပွဲနိုင်၊ ၁ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်းရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *