Headlines

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ဖြည့်စွက်ပြီး တတိယအကြိမ် ပုံနှိပ်ထုတ်ဝေကြောင်းထုတ်ပြန်

ဇွန်လ ၁၉ ရက်။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ဖြည့်စွက်တာတွေပြန်လုပ်ပြီး တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ ချင်းပြည် (Chinland)ကောင်စီက ဒီကနေ့ ဇွန် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၀ ခုနှင့် နောက်ဆက်တွဲ ၂ ခုပါရှိပြီး အခန်း ၁ မှာ အခြေခံမှုများ ၊ အခန်း (၂) ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၃) ချင်းပြည် (Chinland)ကောင်စီ ၊ အခန်း (၄) ဥပဒေပြုရေး ၊ အခန်း (၅) အုပ်ချုပ်ရေး၊ အခန်း (၆) တရားစီရင်းရေး ၊ အခန်း (၇) ချင်းပြည် (Chinland) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၊ အခန်း (၈) ဒေသန္တရ အုပ်ချုုပ်ရေး၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း ၊ အခန်း (၁၀) အထွေထွေ ပြဌာန်းချက်များ နဲ့ နောက်ဆက်တွဲ (၁) ကတိသစ္စာပြုချက် ၊ (၂) ချင်းပြည် (Chinland) အဆင့်နှင့် ဒေန္တရ အဆင့်ကြား အာဏာခွဲဝေခြင်းတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီ ညီလာခံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ Victoria Base, Chinland တွင် ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံသို့ ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်တွေ ၊ ချင်းလွှတ်တော်အစုအဖွဲ့တွေက ကိုယ်စားလှယ်တွေ မြို့နယ်ဒေသခံ အစုအဖွဲ့ကိုယ်စားလှယ်တွေ ပြည်တွင်း၊ပြည်ပ ဧည်သည်တော် စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ပြီး အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချင်းပြည် (Chinland) ကောင်စီ ညီလာခံက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၁ : ၃၃) နာရီတွင် အတည်ပြုခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *