Headlines

ကလေးမြို့လေဆိပ်မှာ ကျပ်သိန်း၂သောင်း၃ထောင်ကျော်တန်ဖိုးရှိတဲ့ ရွှေတုံး ၂၆ တုံးဖမ်းဆီးခဲ့တယ်လို့ သိရ

ဇွန်လ ၅ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်မှာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း၂သောင်း၃ ထောင်ကျော် (၂၃၄၇၃၆၅၀၀၀ ) ကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြချက်အရသိရပါတယ်။

ကလေးမြို့လေဆိပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုးကို ဖမ်းဆီးခဲ့ပြီး မြန်မာ့သတ္ထုတွင်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်က ဒေသခံအများစုဟာ မြန်မာပြည်အောက်ပိုင်းက ရန်ကုန် စတဲ့ဒေသတွေကို သွားလာဖို့ ကုန်းလမ်းကြောင်းမှာ တိုက်ပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ကလေးမြို့နယ်က ဒေသခံတွေအနေနဲ့ ခရီးသွားလာတာ၊ ကုန်ပစ္စည်းတချို့သယ်ယူတာတွေကို လေကြောင်းကိုသာ အဓိကသုံးပြုနေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *