Headlines

ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြဖို့ နယူးဒေလီမြို့မှာချင်းဒုက္ခသည်ကော်မတီ (CRC)က ပြင်ဆင်

ဇွန်လ ၁၆ ရက်။

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက်ဆန္ဒပြတောင်းဆိုဖို့ ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီက အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားထားပါတယ်။

၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက ဆိုပါတယ်။

ဒါကြောင့် နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို UNHCR နဲ့တကွ တာဝန်ရှိသူတွေထံ တောင်းဆိုကြဖို့အတွက် ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ မှာ ဂျန်တားမန်တားရပ်ကွက်မှာ လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆက်ဆက်ဖိနှိပ်မှုနှင့် ၂၀၂၁ ခုနှစ်မှာ ထပ်မံ အာဏာသိမ်း ခဲ့မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ စစ်ဘေးရှောင်ဒုက္ခသည် မြန်မာပြည်သားများ ခိုလှုံနေရလျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *