Headlines

Zomi National Party အမည် ဖြင့် ဖွင့်ထားသော Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပါတီတည်ထောင်ခွင့် လျှောက်ထားသူများ ဆို

မေလ ၆ ရက်။

လက်ရှိ Facebook လူမှုကွန်ယက် ပေါ်မှာ Zomi National Party အမည် ဖြင့် ဖွင့်ထားတဲ့ Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေး ပါတီ ဖြစ်သည့် Zomi National Party မှ ဖွင့်ထားသည့် စာမျက်နှာ မဟုတ်တဲ့ အတွက် ယင်းစာမျက်နှာ အပေါ် ရေးသား ဖော်ပြ ထားသမျှ အကောင်းအဆိုး အားလုံး သည် မိမိတို့ နဲ့ မသက်ဆိုင်ကြောင်း နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသူ ခေါင်ဆောင် တစ်ဦးမှ Chin World Media သို့ ပြောပါတယ်။

“Zomi National Party – ZNP နာမည် နှင့် လူမှုကွန်ယက် စာမျက်နှာ တစ်ခု ပေါ်လာခဲ့တယ်။ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီနဲ့ သက်ဆိုင်မှု မရှိပါဘူး။ မှတ်ပုံတင်ဖို့ ရည်ရွယ်ထားတဲ့ Logo, အလံ စတာတွေကလည်း တူညီမှု မရှိပါဘူး။ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတာ ကလွှဲပြီး ဘာ လှုပ်ရှားမှု မှ မရှိသေးဘူး” လို့ ပါတီ တည်ထောင်ခွင့် လျှောက်ထားသူ ခေါင်းဆောင် တစ်ဦး မှ Chin World Media ကိုပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် Zomi National Party (ဇိုမီး အမျိုးသား ပါတီ) ၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ နည်းဥပဒေတွေနဲ့ အညီ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ အတွက် ပါတီ တည်ထောင်ခွင့်ပြုနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက် စီစစ် ဆောင်ရွက်နေတယ် လို့ စစ်ကောင်စီ မီဒီယာများမှ ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါတယ်။

“လက်ရှိ ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို တုန့်ပြန်တဲ့ နေရာမှာ သဘောထား တွေက တစ်ယောက် နဲ့ တစ်ယောက် မတူညီ ပါဘူး။ ကျွန်တော်တို့ ဇိုမီး ထဲက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း နဲ့ ဖြေရှင်းသင့်တယ် လို့ ခံယူတဲ့ သူတွေ စုဝေးပြီး အခုလို နိုင်ငံရေး ပါတီ တည်ထောင်ခွင့်လျှောက်ထားတာပါ” လို့လည်း ZNP ပါတီ တည်ထောင်ခွင့် လျှောက်ထားသူမှ အခုလို ဆောင်ရွက်ရသည့် အကြောင်းရင်းကို ပြောကြား ပေးခဲ့ ပါတယ်။

စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာလမှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှာ ချင်းပြည်နယ်ကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ချင်းပြည်သစ် ကွန်ဂရက် ပါတီ၊ ခူမီး အမျိုးသားပါတီ နှင့် ဇိုမီး အမျိုးသားပါတီ စတဲ့ ပါတီ ၃ ခု ကနိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *