
အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ချင်းကျန်းမာရေးအဖွဲ့အစည်း (Chin Health Organization ) က ပညာသင်ဆု စကောလာရှစ်ပေးမယ်လို့ မေလ ၈ ရက်နေ့ အသိပေးထုတ်ပြန်ထားပါတယ်။
အနည်းဆုံး အသက် ၁၇နှစ်ပြည့်ထားပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ၁၂တန်း အောင်ထားပြီး Nurse (သို့မဟုတ်) Lab Technician ဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အိန္ဒိယက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ Nursing အတွက် လျှောက်လို့ရမယ့် program (၂) ခု ရှိပါပြီး General Nursing and Midwifery course (GNM) တို့ကို internship အပါအဝင် ၃နှစ် ၊ Basic B.Sc. Nursing – ၄ နှစ် လို့ဖော်ပြထားပါတယ်။
Laboratory Technician အတွက် တက်လို့ရမယ့် program ၁ခု ရှိပြီး Bachelor of Medical Laboratory Sciences (BMLS) ဖြစ်ပြီး internship အပါအဝင် ၄ နှစ် တက်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အိန္ဒိယ ဒါမှမဟုတ် မြန်မာပြည်က အထက်တန်းကျောင်းတွေမှာ G-12 ကို သိပ္ပံတွဲဖြင့် အောင်မြင် ထားတဲ့ ကျောင်းသူ ကျောင်းသားများ လျှောက်ထားနိုင်ပြီး မြန်မာပြည်အောင်လက်မှတ်နဲ့ တက်ရောက်မည့်သူများအနေနဲ့ အိန္ဒိယကို တရားဝင် လာရောက် နိုင်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းနဲ့ ပတ်စ်ပို့များ ရှိဖို့ လိုပြီး သူနာပြုကျောင်းကိုပဲ လျှောက် လို့ ရမှာဖြစ်ပြီး ၂၀၂၅ စာသင်နှစ်မှာ ကျောင်းသူကျောင်းသား (၅) ဦးကိုသာ လက်ခံမှာ ဖြစ်ပါတဲ့ကြောင်းနဲ့ Application link ကို messenger မှာ လာရောက် မေးမြန်းနိုင်ပါတယ်လို့လည်း Chin Health Organization (CHO) ကဖော်ပြထားပါတယ်။
ကျောင်းပြီးတဲ့အခါမှာ ချင်းပြည်နယ်တွင် ပြန်လည်တာဝန်ထမ်းဆောင်မည့်သူများဖြစ်ပါက ချင်းကျန်းမာရေးအဖွဲ့အစည်းကနေ Application process ကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်တဲ့အပြင် ချင်းပြည်နယ်က ကျန်းမာရေးလုပ်သားအင်အား လိုအပ်ချက်ကြီးမားပြီး ခက်ခဲ ဝေးလံဒေသက ကျောင်းသား/သူများအတွက် စကောလာရှစ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းလျှောက်ပြီးနောက် ကျောင်းက acceptance letter ရပြီးနောက်မှ စကောလာရှစ်ကို ပေးမှာ ဖြစ်တဲ့ကြောင်းနဲ့ Scholarship လျှောက်ထားမယ့် သူများအတွက် Scholarship Application Process အဆင့်ဆင့်ကို ချင်းကျန်းမာရေးအဖွဲ့ရဲ့ Scholarship Board က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်ထားရမှာ ဖြစ်ပြီး အသေးစိတ်ကို ပြန်လည် အကြောင်းကြားပေးသွားမှာ လို့ CHO ကဖော်ပြထားပါတယ်။
စိတ်ဝင်စားသူ ကျောင်းသား/သူများ၊ မိဘများအနေနဲ့ ကျောင်းအကြောင်းနဲ့ ကျောင်းက program တက်ဖို့ ပြည့်မီရမယ့် သတ်မှတ်ချက်များအကြောင်း သိရှိလိုပါက messenger chatbox ကနေ မေးမြန်း ဆက်သွယ်ပေးဖို့ကိုလည်း Chin Health Organization (CHO) ကဖော်ပြထားပါတယ်။