Headlines

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကိုဖော်ပြထား

မေလ ၄ ရက်။

ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ချင်းလူမျိုးကိုယ်စားပြုအဖွဲ့အစည်းအနေဖြင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကို ဖော်ပြထားတာကိုတွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဝင်များအဖြစ် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) မှ Pu He Dun , Dr.Kenton Linn,Salai John တို့ ၃ ဦးပါဝင်နေပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့၆ ဖွဲ့ ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့နိုင်ငံရေးအရ လက်တွဲထားပါတယ်။

ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ထုတ်ပြန်ချက်မှာ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) အခန်း (၂) နှင့် အစိတ်အပိုင်း (၂) အခန်း (၃) အပိုဒ် ၁၅ အရ ဖွဲ့စည်းခဲ့ပြီး အောက်ပါအစုအဖွဲ့များမှ အဖွဲ့ဝင်အဖွဲ့အစည်း ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်။

(က)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ

(ခ) နိုင်ငံရေးပါတီများ

(ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ

(ဃ) တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ

(င) ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီများ

အစုအဖွဲ့ (၅) ခုမှ အဖွဲ့ဝင်အဖွဲ့အစည်း ကိုယ်စားလှယ်များအား အောက်ပါအတိုင်း ထုတ်ပြန် ကြေညာအပ်ပါသည်။လို့ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *