Headlines

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဟားခါးမြို့မှာ ကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်း ဈေးတက်နေလို့ အခြေခံလူတန်းစားတွေအခက်အခဲဖြစ်နေ

မေလ ၁၃ ရက်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့တန်ဆာခတွေကြောင့် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ စားသောက်ကုန်နဲ့ တခြားကုန်ဈေးနှုန်းတွေ ရက်ပိုင်းအတွင်းစျေးတက်နေလို့ အခြေခံလူတန်းစားတွေ လုပ်ကိုင်စားသောက်နိုင်ဖို့ အခက်ခဲများစွာရှိလာနေတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့နေဒေသခံတစ်ဦးက “အခြေခံစားသောက်ကုန်တွေလည်း ဈေးအရမ်းကြီးလာတယ် တနေ့ပြီးတနေ့ပေါ့ ကြက်ဥ တစ်လုံးကို ၇၀၀ ၊ ငါးတပိဿာကို ၃ သောင်း၊ ကြက်တစ်ကောင်ကို ၃ သောင်းလောက်ဈေးရှိတယ် နောက်ပြီး မီးသွေးဈေးတောင် ၃ သောင်းခွဲရှိနေပြီ မလွယ်ဘူး အခြေခံလူတန်းစားတွေအနေနဲ့ ဝယ်နိုင်ဖို့က ဘယ်လိုမှ မလွယ်ဘူး အဓိက အခုလို ကုန်ဈေးနှုန်းတွေတက်တာ တန်ဆာခတွေကြောင့် ဖြစ်မယ်” လို့ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေအပြင် ဂိတ်တွေမှာ ငွေကြေးအရမ်းပေးရလို့လည်း ဟားခါးမှာ အခုလို ကုန်ပစ္စည်းဈေးနှုန်းတွေ တနေ့ပြီးတနေ့ ဈေးတက်တာလို့လည်း သိရပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့် ဟားခါးမြို့ကို တခြားအရပ်ဒေသ အသီးသီးကနေ လာရောက်စစ်ဘေးရှောင်နေတဲ့ လူဦးရေဟာလည်း ၄ ထောင်ဝန်းကျင်နီးပါးလောက်ရှိတယ်လို့လည်း သိရပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ လက်ရှိမှာ ဟားခါးနဲ့တီးတိန် ၂ မြို့ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *