Headlines

မြန်မာနိုင်ငံတွင်သမိုင်းအဆက်ဆက်မှ ယနေ့ထိပေါ်ထွန်းခဲ့သော အရှို(ချင်း)နိုင်ငံရေးအဖွဲ့အစည်းများ(လေ့လာနိုင်ရင်တင်ပြခြင်း)

============================

အရှိုချင်းနိုင်ငံရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အခါအခွင့်သင့်သလို အမျိူးသားနိုင်ငံရေးအဖွဲ့အစည်းများတည်ထောင်ကာ လူမျိူးရေရှည်တည်တံ့ရေးကို အရှို(ချင်း)အမျိူးသားခေါင်ဆောင်များက လက်လှမ်းမှီသရွှေကြိုပမ်းခဲ့ကြပါသည်။ ကိုယ်ပိုင်နယ်မြေသတ်သတ်မှတ်မှတ်မရှိသော်လည်း ပါတီစုံဒီမိုကရေးစီကျင့်သုံးခဲ့သောကာလတစ်လျောက်လုံး နိုင်ငံရေးပါတီတည်ထောင်ကာ အမျိုးသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်ကိုမြှင့်တင်ပေးခဲ့ကြပါသည်။ အရှို(ချင်း)တို့ဟာသမိုင်းအစဉ်အဆက်အမျိုးသားနိုင်ငံရေးအဖွဲ့အစည်းတည်ထောင်ကာ နိုင်ငံရေးဦးဆောင်မူပေးခဲ့သောလူမျိူးဖြစ်ကြောင်းတင်ပြလိုပါသည်။တစ်ချို့ကအရှို(ချင်း)တွေဟာအခုမှနိုင်ငံရေးပါတီထောင်ပြီးနိုင်ငံရေးလုပ်သလိုလို ထင်နေကြပါတယ်။အရှို(ချင်း)တွေကိုယ်တိုင်ကအဲ့သလိုထင်တဲ့သူတွေရှိတယ်။ အဲ့ဒါကြောင့် ရေးသားတင်ပြအပ်ပါသည်။

ဒါပေမယ့် နိုင်ငံရေးအာဏာကျင့်သုံးနိုင်သောအနိုင်ရပါတီအဖြစ်တော့ အောင်မြင်မူမရရှိခဲ့ကြပါဘူး။ ဒါကလည်း အရှို(ချင်း)လူမျိုးတွေအနေဖြင့်အလေးအနက်စဉ်းစားရမယ့် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့သတိပေးလိုပါတယ်။

တကိုယ်တော်စွန်းစားခဲ့သော မြန်မာနိုင်ငံကျောင်းသားခေါင်းဆောင် အာဇာနည်ဆလိုင်းတင်မောင်ဦးဟာစစ်အာဏာရှင်တွေကို အံတုကာ အာဏာရှင်ကျဆုံးရေးအတွက်အသက်ပေးခဲ့သောတစ်ဦးတည်းသောအာရှတိုက်သူရဲကောင်းဖြစ်ပါတယ်။သူဟာအရှိုချင်းလူမျိူးစစ်စစ်ဖြစ်ပါတယ်

(1)အရှိုခွန်စူ(ချင်းနေရှင်နယ်ပါတီ)

—————————- အရှိုခွန်စူကိုမြန်မာနိုင်ငံလွတ်လပ်ရေးအကြိုကာလ1947ခုနှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဤပါတီသည်အရှို(ချင်း)လူမျိူးတို့၏ပထမဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ပါတီဥက္ကဌမှာဆမိုလှဦး(BA)သည်1947တွင် ဗိုလ်ချူပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချူပ်သို့သွားရောက်တွေ့ဆုံပြီးပါလီမန်(လွှတ်တော်)တွင်အရှို(ချင်း)အမတ်နေရာရရှိရန် တောင်းဆိုခဲ့လေသည်။ အရှို(ချင်း)အတွက်ပါလီမန်အမတ်တနေရာရရှိခဲ့ရာ အရှိုချင်းအမျိုးသား ဦးဖိုးအောင်(ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဒုံရွာဇာတိသည် ပခုက္ကူမြို့နယ်မှအရွှေးခံကာ ပါလီမန်အမတ်ဖြစ်လာခဲ့သည်။ အရှိုခွန်စူပါတီမှအမတ်ဦးဖိုးအောင်သည် တိုင်ပြု ပြည်ပြုလွှတ်တော်၌ မကြာမီလွတ်လပ်ရေးရရှိတော့မည့်မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရာ၌ပါဝင်ခဲ့ပေသည်။အရှိုခွန်စူပါတီအောက်တွင်အရှို(ချင်း)အမျိူးသားကာကွယ်ရေးတပ်ဖွဲ့(ACDO)ရှိသည်။လွတ်လပ်ရေးရပြီးနောက်မကြာမီတွင်ကွန်မြူနစ်လိုလားသူတပ်ဖွဲ့ဝင်အချိူးသည်ဗမာပြည်ကွန်မြူနစ်ပါတီသို့ဝင်ရောက်ခဲ့ကြသည်။နောင်တွင်၎င်းတို့ဗမာပြည်ကွန်မြူနစ်ပါတီအောက်တွင် ချင်းဦးစီးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြလေသည်။

(2)မြေပြန့်ချင်း အမျိူးးသားအစည်းအရုံး

================

မြေပြန့်ချင်းအမျိူးးသားအစည်းအရုံးသည် မြန်မာနိုင်ငံလွှတ်လပ်ရေးရရှိပြီးပါလီမန်ဒီမိုကရေစီခေတ်တွင် ဖွဲ့စည်းခဲ့သည့် အရှိုအမျိူးသားနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။1956ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပါလီမန်ဒီမိုကရေစီ ဒုတိယအကြိမ် ရွှေးကောက်ပွဲတွင် အဓိကအတိုက်ခံပါတီအဖြစ် ရပ်တည် နိုင်ခဲ့သော မြန်မာနိုင်ငံအမျိူးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)တွင်ပါဝင်ခဲ့သည်။မြေပြန့်ချင်းအမျိူးးသားအစည်းအရုံးကိဦးစိန်(ပြည်မြို့)မှဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။

(3)ချင်း(အရှို)ဦးစီးအဖွဲ့(ဆလိုင်းတပ်)

===============

ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းဖွဲ့စည်းပေါ်ပေါက်ခဲ့သော လက်နက်ကိုင်နိုင်ငံရေးအဖွဲ့ဖြစ်သည်။သရက်ခရိုင်နှင့်ပြည်ခရိုင်ပါဝင်သော ပဲခူးရိုးမဒေသအတွင်း၌ (ဆလိုင်းတပ်) အဖြစ် နာမည်တွင်ကျော်ကြားခဲ့သောအဖွဲ့ဖြစ်သည်။ဗိုလ်ချူပ်နေဝင်းအစီုးရက ကျင်းပပြုလုပ်ခဲ့သော(1963)ခုနှစ်ပြည်တွင်းငြိမ်းချိမ်းရေးဆွေးနွေးပွဲချင်းဦးစီးအဖွဲ့ပါဝင်ခဲ့သည်။တော်လှန်ရေးအစီုးရနှင့်ဆွေးနွေးရာတွင်အမျိုးးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒတ)အဖွဲ့ဝင်ပါတီအဖြစ် ပါဝင်ခဲ့သည်။(မဒတ)အဖွဲ့ဝင်ပါတီများမှာ(ကေအင်ယူ/မွန်ပြည်သစ်ပါတီ/ကရင်နီအမျိူးးသားတို့တက်ရေးပါတီ/ချင်းဦးစီးအဖွဲ့နှင့်ဗမာပြည်ကွန်မြူနစ်ပါတီတို့ဖြစ်ပါသည်။ချင်းဦးစီးအဖွဲ့ကိုဆလိုင်းစံအောင်နှင့်ဆလိုင်းသာဦးတို့ကဦးဆောင်ခဲ့ကြသည်။ဤပုဂ္ဂုလ်နှစ်ဦးမှာ သရက်ခရိုင်အောင်လံမြို့နယ်သားများဖြစ်ကြသည်။အရှိုကိုယ်ပိုင်နယ်မြေ်သတ်မှတ်နိုင်ရေးအထိတောင်းဆိုခဲ့သည်ဟုသိရပါသည်။

(4)အရှိုချင်းအမျိူးးသားဖွံ့ဖြို့ရေးအဖွဲ့ချူ ပ်(အ မ ဖ ခ)

——————————————-

ဤနိုင်ငံရေးပါတီသည်မဆလပါတီပြုတ်ကျပြီးနောက် ပါတီစုံဒီမိုကရေစီခေတ်(4-2-1988)တွင်ဖွဲ့စည်းခဲ့ပါသည်။ကွယ်လွန်သူဦးဆလိုင်းစိန်မောင်(သရက်)နှင့်အဖွဲ့ဝင်(8)ဦးတို့ကပါတီစုံရွှေးကောက်ပွဲကျင်းပရေးကော်မရှင်၌တရားဝင်မှတ်ပုံတင်၍ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ထိုစဉ်ကဤအဖွဲ့ချူ ပ် စည်းရုံးရေးဆင်းနိုင်ခဲ့သောနယ်မြေများမှာမကွေးတိုင်းတွင် ဆင်ပေါင်ဝဲ မင်းတုန်း အောင်လံ ကံမမြို့နယ်များ ပဲခူးတိုင်းတွင် ပန်းတောင် ပေါက်ခေါင်း ပြည်မြို့နယ်များဖြစ်ပြီး မြို့နယ်ရုံးခွဲများလည်းဖွင့်လှစ်နိုင်ခဲ့သည်။ပေါက်ခေါင်းနှင့်ပန်တောင်မြို့နယ်တို့တွင်ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ကံမမြို့နယ်အတွက်အရွှေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း၏အမည်စာရင်းတင်သွင်းမူမှာ မိနစ်(30)နောက်ကျသဖြင့်လျောက်လွှာအဖယ်ခံရ၍ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ရရှိခဲ့သောမဲအရေအတွက်မှာ ပေါက်ခေါင်းနှင့်ပန်းတောင်မြို့နယ်တို့တွင် တတိယအဆင့်မဲအများဆုံးရရှိခဲ့သော သမိုင်းဝင် အရှိုအမျိူးးသားနိုင်ငံရေးပါတီဖြစ်ပါကြောင်းဖော်ပြလိုက်ပါသည်။

(5)တောင်ပိုင်းချင်းဒီမိုကရေစီပါတီ

—————————

တောင်ပိုင်းချင်းဒီမိုကရေစီပါတီကို မဆလပါတီပြုတ်ကျပြီး ၁၉၈၈နောက်ပိုင်း ပါတီစုံဒီမိုကရေစီ ပြန်လည်ကျင့်သုံးမည် ၁၉၈၉ ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ထင်းရှားသောချင်းအမျိုးးသားရေးတက်ကြွသူ ဗိုလ်မူးကျင်(အရှို-ဇီးကုန်းဇာတိ)ကတည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

(6)လက်ရှိ-အရှိုချင်းအမျိူးးသားပါတီ(ACNP)

————————————–

အရှိုချင်းအမျိူးးသားပါတီ(Asho Chin National Party-ACNP)ကို ၂၀၁၀-အထွေထွေရွှေးကောက်ပွဲအပြီး ၂၀၁၂ ဖေဖော်ဝါရီလတွင်ဖွဲ့စည်းပြီး ၂၀၁၂ဇွန်လ(၇)ေ့န့တှငျမှတျပုံတငျအမှတျ(၅၅)ဖြင့်တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်(နေပြည်တော်)တွင်မှတ်ပုံတင်ခွင့်ရရှိခဲ့ပ့သည်။ဤပါတီကို အခွင့်အလမ်းဂျာနယ် တည်ထောင်သူ အမူဆောင်အယ်ဒီတာ ဆလိုင်းအောင်မင်းလှိုင်ကဦးဆောင်ကာ အမျိူးးသားရေးတက်ကြွသူ(၁၅)ဦးက တည်ထောင်ခဲ့သောပါတီဖြစ်ပါသည်။ပါတီ၏ကနဦးဗဟိုအလုပ်အမူဆောင်အဖွဲ့ကိုအောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းခဲ့ပါသည်။

(1)ဆလိုင်းဟန်ကြည်(ဥက္ကဌ-ပြည်မြို့)

(2)ဆလိုင်းတင်ထွန်းအောင်(ဒု-ဥက္ကဌ-တောင်တွင်းကြီး)

(3)ဆလိုင်းအောင်ထွေး(ဒု-ဥက္ကဌ-ပေါက်ခေါင်း)

(4)ဆလိုင်းအောင်မင်းလှိုင်(အထွေထွေအတွင်းရေးမူး-ရန်ကုန်)

(5)ဆလိုင်းမောင်မောင်ဝင်း(တွဲဖက်-အထွေထွေအတွင်းရေမူး-မင်းပြား

(6)ဆလိုင်းဇီတိုး(တွဲဖက်-အထွေထွေအတွင်းရေးမူး-ဥသျှစ်ပင်မြို့)

(7)ဆလိုင်းတင်မောင်ဆွေ(အဖွဲ့ဝင်-ပျဉ်းမနား နေပြည်တော်)

(8)ဆလိုင်းအောင်ရင် ( ။ )

(9)ဆလိုင်းအောင်လှိုင် (အဖွဲ့ဝင်-ပေါက်ခေါင်း ပဲခူးတိုင်း)

(10)ဆလိုင်းတင်မောင်လှ( ။ )

(11)ဆလိုင်းစိန်မင်းလှိုင် (အဖွဲ့ဝင်-ရန်ကုန်မြို့)

(12)ဆလိုင်းကြည်မင်းလတ်( ။ )

(13)ဆလိုင်းအောင်နိုင်ဝင်း ( ။ )

(14)ဆလိုင်းအောင်ခိုင်(အဖွဲ့ဝင်-တောင်တွင်းကြီး-မကွေးတိုင်း)

(15)ဆလိုင်းကြည်ဝင်း(အဖွဲ့ဝင်-ပန်းတောင်း ပဲခူးတိုင်း)

ပါတီလှုပ်ရှားမူအနေဖြင့်ဌာနချုပ်ကိုရန်ကုန်မြို့၌ဖွင့်လှစ်ပြီးမြို့နယ်ရုံးခွဲစုစုပေါင်း(၂၀)ရုံးဖွင့်လှစ်နိုင်ခဲ့ပါသည်။မကွေးတိုင်းတွင် မင်းတုန်း ကံမ ငဖဲ မင်လှ တောင်တွင်းကြီး အောင်လံ ဆင်ပေါင်ဝဲ စေတုတ္တရာမြို့နယ်များ ပဲခူးတိုင်းတွင် ပြည် ပေါက်ခေါင်း ပန်းတောင်မြို့နယ်များ နေပြည်တော်တိုင်းတွင် လယ်ဝေး ပျဉ်မနားမြို့နယ်များ ရခိုင်ပြည်နယ်တွင် မင်းပြား မြေပုံ အမ်း တောင်ကုတ် သံတွဲ ဂွ မြို့နယ်များဖြစ်ပါသည်။

Credit

Asho Chin Media ဖော်ပြထားသောဆောင်းပါးအားပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *