Headlines

မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်ခရိုင်မှာ မြေပြိုလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် ၃ ဦးသေဆုံး

မေလ ၃၁ ရက်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာ ( Vaphai ) မှာ ဒီကနေ့မေလ ၃၁ ရက်မနက် ၄ နာရီဝန်းကျင်မှာ ချင်းစစ်ဘေးရှောင်တွေဌားရမ်းနေထိုင်တဲ့နေအိမ်၁လုံးမြေပြိုကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့မီဇိုရမ်ပြည်နယ်သတင်းမီဒီယာများဖော်ပြချက်အရသိရပါတယ်။

မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် Vutbuak ကျေးရွာမှ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်၊Vaphai ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်ကြတဲ့ အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi Lalramniengi တို့ ဖြစ်ကြောင်း၊ Pi Lalramniengi ရဲ့ အမျိုးသား Pu Pekhmingthanga နှင့် Lalzama တို့ နှစ်ဦးဟာ အသက်ဘေးမှလွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာကိုယ်စီရရှိခဲ့ကြတယ်လို့မီဇိုရမ်ပြည်နယ်ဒေသတွင်းသတင်းမှာဖော်ပြ ထားပါတယ်။

မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦး ရဲ့ရုပ်အလောင်းကို Vaphai ကျေးရွာမှာ ဒီကနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းမှာ မြေမြုပ်သဂြိုလ်ခဲ့ ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *