
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဇာတိ အသက် ၃၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ ၃ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ Falam Pawlpi Malaysia(FPM-FRO)တာဝန်ရှိသူတွေဆီက သိရပါတယ်။
FPM-FRO မှ တာဝန်ရှိသူတစ်ဦးက” မေလ ၄ရက်နေ့ မနက် လေးနာရီလောက်ကျတာ ဖြစ်မယ်လို့ပြောကြတယ် သူများ အိပ်နေတဲ့အချိန်ဆိုတော့ မတော်တဆ ပြုတ်ကျသွားတာလား အပြင်ထွက်ဖို့ကြိုးစာရင်း ပြုတ်ကျတာလား တော့ ဘယ်သူကမှ မသိကြဘူး။ လက်ရှိအလောင်းကို စစ်ဆေးမှုတွေ လုပ်တုန်းဆိုတော့ မသဂြိုလ်ရသေးဘူး သဂြိုလ်မည့် နေရာမရသေးလို့ မသိရသေးဘူး “လို့ ပြောပါတယ်။
တိုက်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ အသက် (၃၁) နှစ်အရွယ် Lal Hram Luai ဖြစ်ပြီး သူဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ်၊ ရာလ်လန်ကျေးရွာ ဇာတိကဖြစ်တယ်လို့လည်း သိရပါတယ်။