Headlines

မင်းတပ်မြို့နယ်ကို ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အစုပြုံလိုက်ဗုံး(Cluster Bomb) တွေကိုလည်း စစ်ကောင်စီကအသုံးပြုခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၈ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်လုပ်ခဲ့ပြီး အစုပြုံလိုက်ဗုံး(cluster bomb) ကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့မေလ ၁၇ ရက်နေ့မှာ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)တွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက အစုပြုံလိုက်ဗုံး(cluster bomb) ကို အသုံးပြုခဲ့တဲ့ အထောက်ထားတွေ တွေ့ရှိရကြောင်းနဲ့ ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ မင်းတပ်မြို့နယ်အတွင်းကို မေလ ၁၅ ရက်နေ့ကနေစလို့ မေလ ၁၆ ရက်၊မေလ ၁၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတိုက်ခိုက်မှုကြောင့်မေလ ၁၅ ရက်နေ့က ဒေသခံပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်မြို့နယ်အတွင်းကို ယခု မေလမှာ မကြာခဏ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် မင်းတပ်ပြည်သူတွေအနေနဲ့ လူသားချင်းစာနာ ထောက်ပံ့မှုတွေလည်း လိုအပ်လျက်ရှိနေတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *