Headlines

ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း နေအိမ်တချို့ဖျက်ဆီးခံရတာ၊ ပစ္စည်းပျောက်တာတွေအပေါ် ဒေသခံပြည်သူတွေကို တောင်းပန်ကြောင်း CNO ထုတ်ပြန်

မေလ ၁၅ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ (၅) လ ကာလတာအတွင်း မြို့တွင်းနေအိမ်တချို့ ဖျက်ဆီးခံရတာ ပစ္စည်းပျောက်တာတွေရှိခဲ့တဲ့ပေါ် ဖလမ်းမြို့ခံပြည်သူတွေကို တောင်းပန်တဲ့အကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားအဖွဲ့ချုပ်(CNO) က မေလ ၁၄ ရက်နေ့မှာအသိပေးစာထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း ဖလမ်းမြို့ထဲက နေအိမ်တွေ၊ဘုရားကျောင်းတွေ ပျက်စီးတာတွေ မြင်တွေ့ရတာ စိတ်မကောင်း၊ ဝမ်းနည်းမိကြောင်းကိုလည်း CNO ကဖော်ပြထားပါတယ်။

“ မြို့တွင်းပြည်သူလူထုရဲ့ အိမ်တွင်းပစ္စည်းတွေအားလုံးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် ဘုရားသခင်နာမနဲ့ တောင်းပန်ချင်တယ် ဒီနေရာမှာ နားလည်ပေးဖို့ တောင်းဆိုချင်တာက တိုက်ပွဲနိုင်ဖို့တစ်ခုကိုဘဲ အရေးကြီးဆုံးအဖြစ်ထားပြီး စိတ်နှလုံးပုံအပ်ထားတော့ မြို့ကိုကာကွယ်

စောင့်ရှောက်ဖို့ကြိုးစားရဲ့သားနဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ပစ္စည်းတွေ ဖျက်စီးခံရတာ ပျောက်တာတွေ ရှိခဲ့တယ်” လို့ CNO က ဆိုပါတယ်။

မြင်တွေ့ရတဲ့ ပစ္စည်းတချို့ကိုလည်း ထိန်းသိမ်းထားပြီး ပိုင်ရှင်စစ်စစ်လက်ထဲပြန်ပေးဖို့ စီစဉ်ထားတဲ့အကြောင်းနဲ့ မိဘနေရာကနေ စိတ်ရှည်ပေးပြီး မှားတာတွေ၊ လိုအပ်ချက်တွေကို နားလည်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ CNO/CNDF ပါဝင်တဲ့ ချင်ညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲပြီး ၅ လပြည့်တဲ့အချိန် ၂၀၂၅ ခုနှစ်၊ဧပြီလ ၉ ရက်မှာ ဖလမ်းမြို့နယ်ကိုစစ်ကောင်စီကင်းစင်နယ်မြေအဖြစ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *