Headlines

ဖမ်းဆီးထားတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို AA အနေနဲ့ ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)က တောင်းဆို

မေလ ၂၈ ရက်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရခိုင်ပြည်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်လာပြီး ရခိုင်ပြည်သူအားလုံး ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမီခွင့် စတဲ့ အကြပ်အတည်း ရင်ဆိုင်ခဲ့ရပြီး ချင်းလူမျိုးတွေလည်း အလားတူခံစားကြရသလို မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက်အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားရန် သွားရောက်ကြတဲ့ အသက်မပြည့်သေးတဲ့ ချင်းကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်ခဲ့တာကို မိသားစုဝင်တွေဆီကနေ သိရပြီး သူတို့ကို ပြန်လွတ်ပေးဖို့ တောင်းဆို ကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC) (ရခိုင်ပြည်နယ်) က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက်(National Defense Emergency Provision) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် စတင်ပြဠာန်းသည်ဟု ထုတ်ပြန်လာတာတွေ့ရပေမယ့် တရားဝင် အများပြည်သူသိအောင် အသေးစိတ် ထုတ်ပြန်ထားသည်ကို မတွေ့ရသေးဘူးလု့ိလည်း CPSC က ဆိုပါတယ်။

ULA / AA ထုတ်ပြန်ချက်ဟာ ရက္ခိုင်ဒေသက လူမျိုးစုတိုင်းနှင့် သက်ဆိုင်တဲ့အတွက် ဌာနေချင်းလူမျိုးစုတွေကို အသိမှတ်ပြု တန်ဖိုးထားသည့်အနေဖြင့် ဌာနေချင်းနိုင်ငံရေးအင်အားစုများနှင့် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်သင့်သည်ဟု ယူဆသည်။အပြန်အလှန် တန်ဖိုးထားမူ၊ အသိမှတ်ပြုမူသည် တိုင်းပြည်ကြန်အင်လက္ခာဏာတည်ဆောက် ရာတွင် လွန်စွာအရေးကြီးတယ်လို့လည်း CPSC က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ ထုတ်ပြန် ချက်တစ်ခု ထွက်လာပြီး (National Defense Emergency Provision) အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ်ပြဠာန်းချက်၏ တားမြစ်ချက်များ ပါဝင်လာသည်။ ၎င်းတားမြစ်ချက်သည် ရက္ခိုင်ပြည်ကိုဗဟိုပြု (State Centric) သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) မှ နားလည်သော်လည်း ပြည်သူများအကြပ်အတည်းနှင့် ကြုံတွေ့မည့်ပြဠာန်းချက်ဖြစ်သည့်အပြင် လူ့အခွင့် အရေး စံနှုန်းများနှင့် ကင်းကွာသည်ကိုတွေ့ရှိရတယ်လို့လည်း CPSC ကဆိုပါတယ်။

ယနေ့ ULA/AA ၏ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုရလာသည်မှာ ရက္ခိုင်ပြည်သူတို့၏ထောက်ခံမူ၊ ပူးပေါင်းဆောင်ရွက်မူကြောင့်ပင် ဖြစ်သည်။ ဒါကြောင့် ပြည်သူလူထုအကျိုးစီးပွါးကို ဗဟိုပြု၍ တားမြစ်ချက်များကို ပြန်လည်ထည့်သွင်း စဉ်းစားရန်လိုအပ်သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) မှ ထင်မြင်ယူဆတယ်လို့ လည်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်မှုထမ်းအသက်အကျုံးဝင်တဲ့ ( မ ၁၈ နှစ်ကနေ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်ကနေ ၄၅ နှစ်အထိ) အမျိုးသား၊ အမျိုးသမီးတွေကို ရခိုင်ပြည်နယ်ကနေ ထွက်ခွာခွင့် ပိတ်ပင်တဲ့ကြောင့် အာရက္ခတပ်တော် ( ULA/AA) က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *