Headlines

နတ်ရေကန်တပ်စခန်း မကျရေး လုံခြုံရေးဆောင်ရွက်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို CDF – Asho က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၉ ဦးသေဆုံးခဲ့တယ်လို့ သိရ

မေလ ၁ ရက်။

နတ်ရေကန်တပ်စခန်း မကျရေးအတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာရှိတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ကဒီကနေ့ မေလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ – ၁၃ မှ တပ်သားတွေ ကားလမ်းလုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF – Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ပြီး ၊MA အမျိုးအစား လက်နက်ငယ် ၉ လက် ကျည်ဘောက်နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းမှာ တပ်မ (၉၉)၊ ကပစ (၂ /၁၀/၁၃/၁၄) တွေက အင်အား ၁၃၀ ခန့် တပ်စွဲလျက်ရှိပြီး အရပ်သားပြည်သူနေအိမ်များက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ထုတ်ယူရောင်းချခြင်းတွေကိုလည်း လုပ်နေတယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *