Headlines

ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးအစိုးရလုပ်ငန်းများကိုအကောင်အထည်ဖော်နေကြောင်း DRC ထုတ်ပြန်

မေလ ၂၀ ရက်။

တော်လှန်ရေးကာလအတွင်း ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးဒိုင်ရ်ဒေသန္တရအခြေခံ ဥပဒေနှင့်အညီ အစိုးရလုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်း မေလ ၁၇ရက်နေ့မှာ ကျရောက်တဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့မှာ DRC က ထုတ်ပြန်ထားပါတယ်။

အစိုးရလုပ်ငန်းများကို ပြည်သူများ ကြံကြံခိုင်နိုင်မှု စွမ်းရည်မြင့်မားရေး နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တတ်အားတရွေး ကူညီဖြေရှင်းပေးနိုင်ရန်အတွက်ဖြစ်ကြောင်း၊DRC သည် စတင်ဖွဲ့စည်းချိန်မှစပြီး ဒိုင်ရ်ဒေသအတွင်း ပြည်သူများအပါအဝင် လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးအတွက် ကြိုးပမ်းကာ တော်လှန်ရေးကာလအတွင်း ဒေသတွင်း နှင့် ပြည်တွင်းပြည်ပရှိ ဒိုင်ရ်ချင်း မျိုးနွယ်စုအဖွဲ့များ ၊လူပဂ္ဂိုလ်များ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်းDRC ကထုတ်ပြန်ပါတယ်။

DRCအနေဖြင့် ချင်းအမျိုးအသားများ စည်းလုံးညီညွတ်ရေးကို အစဉ်ဦးထိပ်ထားပြီး ချင်းပြည်လွတ်မြောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတို့အတွက် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ DRC နှင့် CDF Daai အပေါ် ကူညီပံ့ပိုးနေသော ပြည်တွင်း ပြည်ပရှိ အသင်းအဖွဲ့ နှင့် လူပဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ကြောင်း နှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် နိုင်ငံရေးအာမခံချက်ရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် မြန်မာတစ်ဝန်းလုံးရှိ တော်လှန်ရေး အင်အားစုများ၊ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်လို့ DRCကထုတ်ပြန်ထားပါတယ်။

DRC ဟာ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ နှင့် မင်းတပ်စသည့် မြို့နယ်တို့မှာ ဒိုင်ရ်ချင်းမျိုးနွယ်စုများ နေထိုင်တဲ့နေရာများမှာ အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *