
မေလ ၂ ရက်နေ့ ညမှာ တီးတိန်မြို့နယ် တွီးထန်ရွာရှိ ZRA-EC အဖွဲ့ဝင် တစ်ဦး ရဲ့ နေအိမ် မီးလောင် ပြာကျ ပြီး အဆိုပါအိမ်မီးလောင်မှုဟာ ရှို့မီး လို့သံသယရှိတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။
“နေအိမ် ပိုင်ရှင် ကတော့ ZRA-EC အဖွဲ့ဝင် တစ်ဦး လို့ သိရတယ်။ မီးလောင်မှုက ရှို့မီး ဖြစ်မယ် လို့ ခန့်မှန်း ရပါတယ်။ မီးရှို့တဲ့ အဖွဲ့ က ဘယ် အဖွဲ့ လည်း ဆိုတာ တော့ မသိရ သေးဘူး။ လတ်တလော မှာတော့ CC အဖွဲ့ဝင် တပ်ဖွဲ့တွေ တွီးထန် ရွာမှာ နေရာ ယူထား ပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ ဧပြီလ ၉ ရက်နေ့ ညမှာ လည်း တွန်းဇံမြို့ရှိ မြေစာရင်း လက်ထောက် ဦးစီမှူး (အငြိမ်းစား) ဦးကျင့်မင့်လျန်ထန် ရဲ့ နေအိမ် မီးလောင်မှု နဲ့ ပတ်သက်ပြီး အိမ်ပိုင်ရှင် ဖြစ်သူ မှ ရှို့မီး ဖြစ်တယ်လို့ စွပ်စွဲထားပြီး တွန်းဇံမြို့ကိုထိန်းချုပ်ထားတဲ့ CDF-Tonzang ရဲ့ စစ်ဦးစီးချုပ် ဖြစ်သူပူးထန်ဆွင်းမုန် ထံ တရားခံ ဖော်ထုတ် ပေးရန် တိုင်စာ ရေးပို့ခဲ့ပါတယ်။