တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

မေလ ၉ ရက်။

မကွေးတိုင်း၊သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ ကန်သာယာအရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့မေလ ၈ ရက်နေ့ည ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာဦးဘုန်းကြီးကျောင်း မှန်တွေ ထိခိုက်ခဲ့ပြီး လူအထိခိုက်တော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာ ၂ လုံးကတော့ ပေါက်ကွဲပြီး ၁ လုံးကတော့ မပေါက်ကွဲဘဲ ကျန်နေပါတယ် လူအထိခိုက်တော့မရှိဘူး ရွာဦးဘုန်းကြီးကျောင်းက မှန်တွေတော့ ထိခိုက်သွားပါတယ် ပေါင် ၃၀၀ လောက်ရှိမယ်လို့ ထင်တယ် ရွာထဲမှာက လူမရှိလို့တော်သေးတယ်” လို့ Chin World Media ကို ပြောပါတယ်။

ကန်သာယာ အရှိုချင်းရွာကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က တစ်ကြိမ် မေလ ၅ ရက်နေ့မှာလည်း တစ်ကြိမ် လေကြောင်းတိုက်ခိုက် ခဲ့လို့ ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နွား ၁၀ ကောင်ကျော်လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကန်သာယာ အရှိုချင်းရွာအနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်ကောင်စီက အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *