ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေပြည်လည်ထူထောင်နိုင်ရေး ကျပ်သိန်း ၅၀၀ ကျော် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ထပ်မံလှူဒါန်း

မေလ ၁၆ ရက်။

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ကျပ်သိန်း ၅၀၀ ကျော် ထပ်မံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ခံစားရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် Chinland Foundation ကနေတဆင့် သိန်းပေါင်း ၅၀၀ ကျော် ကို လှူဒါန်းခဲ့တာလို့ Chinland Foundation ဥက္ကဌ Thawng Tha Thang က ဒီကနေ့မေလ ၁၆ ရက်မှာ ၎င်းရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်ကနေတဆင့် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးစဖြစ်ဖြစ်ခြင်းတုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ကယ်ဆယ်ရေလုပ်ငန်းတွေအတွက် Chinland Foundation ကနေတဆင့် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါသေးတယ်။

မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လက်ရှိမှာ UFC ပြိုင်ပွဲပေါင်း (၇) ပွဲအထိ ထိုးသတ်ထားပြီး ၆ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး UFC Flyweight အဆင့် ၁၄ နေရာမှာ ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *