Headlines

ZRA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်နက်ပံ့ပိုးမှုရနေတာကြောင့် တွန်းဇံမြို့ကိုအချိန်မရွေး လာတိုက်နိုင်တယ်လို့ CNF ပြော

ဧပြီလ ၂၁ ရက်။

စစ်ကောင်စီရဲ့ လက်နက်ထောက်ပံ့ပေးမှုတွေ ရရှိနေတာကြောင့် တွန်းဇံမြို့ကို Zomi Revolutionary Army (ZRA) အဖွဲ့က အချိန်မရွေးလာတိုက်ခိုက်နိုင် ကြောင်း ၊မနေ့ဧပြီလ ၂၀ ရက်နေ့ကလည်း ZRA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNF/A ပူးပေါင်းအဖွဲ့တွေကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၊တိုက်ပွဲအတွင်း ZRA ဖက်ကလူထိခိုက်သေဆုံးမှုရှိခဲ့ကာ ZRA အဖွဲ့ဟာ ပြန်ဆုတ်သွားတယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ တိုက်ပွဲက တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရပါတယ် မနေ့က ၂၀ ရက်နေ့မှာ ZRA တွေက အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲကို တက်လာတာရှိတယ် အဲဒါကို သူတို့က ကျနော်တို့နေတဲ့နေရာအထိကို ပစ်ခတ်မှုလာလုပ်ပါတယ် ဒါပေမယ့်ကျနော်တို့က တုန့်ပြန်တယ် တုန့်ပြန်ပြီးတော့ မနက်ကတည်းက သူတို့အားလုံးနီးပါး တွန်းဇံမြို့ထဲကနေ ပြန်ဆုတ်ပါတယ် အဲဒီမှာ ကျနော်တို့သတင်းရတာကတော့ သူတို့ဘက်က ၄ ယောက်တော့ ကျသလို ၆ ယောက်က ဒဏ်ရာရတဲ့အနေထားပေါ့ သူတို့က တီးတိန်မြို့ဘက်ကို၎င်း ကျီခါးမြို့ဘက်ကိုလည်းကောင်း ပြန်ပြီးတော့ ဆုတ်သွားတယ်ပေါ၊မကြာသေးခင်ကဘဲ စစ်ကောင်စီရဲ့ပံ့ပိုးမှုနဲ့ ဒရုန်းသော်လည်းကောင်း လက်နက်သော်လည်းကောင်း ကျည်ဆန်သော်လည်းကောင်း အတွင်းသတင်းရရှိထားတာရှိပါတယ်၊သူတို့အနေနဲ့ အပြီးတိုင်ဆုတ်သွားတာမျိုးမဟုတ်ဘဲနဲ့ ပြန်လည်ပြီးတော့ တိုက်ပွဲက အချိန်မရွေး ရှိလာမဲ့ အနေထားဖြစ်လို့ အဲဒီအတွက် ကျနော်တို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်” လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ်အတွင်း ZRA နဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *