
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လက်နက်အားကိုးပြီး ပြည်သူကိုခြိမ်းခြောက်ငွေညှစ်လုယှက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ ဦးမှာ အရပ်သားပြည်သူတွေဆီကနေ လုယူထားတဲ့ ပစ္စည်းအမြောက်အများနဲ့တကွ ဖမ်းဆီးထားမိတာကိုလည်း CDF – Hakha ဖော်ပြချက်အရ တွေ့ရပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF – Hakha အနေနဲ့ လိုက်လံအရေးယူသွားမှာဖြစ်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။