Headlines

ရန်ကုန်ကနေ ပလက်ဝမြို့နယ်ကို ပြန်လာတဲ့ ပလက်ဝဒေသခံချင်းလူငယ် ၅ ဦး ကလေးဝမြို့ရှိ စစ်တပ်ဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ သိရ

ဧပြီလ ၃၀ ရက်။

ရန်ကုန်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြန်လာတဲ့ ပလက်ဝဒေသခံ ချင်းလူငယ် ၅ ဦးဟာ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံရတယ်လို့ နီးစပ်တဲ့သူတွေဆီကနေ သိရတယ်။

အခြေနေသိရှိတဲ့ ပလက်ဝဒေသခံတစ်ဦးက “ဖမ်းခံရတဲ့ထဲမှာ ကျနော်သူငယ်ချင်းပါတယ် သူကအသက် ၂၄ နှစ်အရွယ်ဝန်းကျင်ပါ ရန်ကုန်မှာ နေမကောင်းဖြစ်လို့ သူ့ဇာတိက တိုင်းရင်းဆေးနဲ့ ကုသဖို့ ရန်ကုန်ကနေ ပြန်တာဖြစ်တယ်၊ အရင်နိုင်ငံရေးကောင်းတုန်းက ရန်ကုန် – စစ်တွေကနေ ပလက်ဝကို ပြန်လို့ ရပေမယ့် အခုကတော့ လမ်းအခြေအနေရ ကလေးဝကနေ ဟားခါး ၊ ဟားခါးကနေ တဆင့် ပလက်ဝကို ပြန်ဖို့ လုပ်တာဖြစ်တယ်” လို့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပလက်ဝမြို့နယ် မီးလက်ဝအောက်ကျေးရွာနေ (နေလင်းကျော်)၊ ဝက္ကူဝကျေးရွာက ( အောင်စွမ်းလင်း)၊ မီးဇာကျေးရွာက (လှိုင်ဝင်း)၊ မီးဇာကျေးရွာက (ဘချို)၊ ဝက္ကူဝကျေးရွာက ( နိုင်ဆန်းဦး) တို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ကလေးဝမြို့က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံရတဲ့ ပလက်ဝဒေသခံ ချင်းလူငယ်၅ ဦးထဲကနေ နေလင်းကျော် နဲ့ အောင်စွမ်းလင်းဟာ ဧပြီလ ၂၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီး ကျန်တဲ့ ၃ ဦးကတော့ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *