မတူပီမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက် ဒဏ်ရာရ

ဧပြီလ ၁၈ ရက်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို စစ်ကောင်စီတပ်က မနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့ထဲ ၄ ဦးဟာ အရေးပေါ် ဆေးကုသမှုခံနေရကာနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “သေဆုံးတာတော့ မကြားမိဘူး ၅ ဦးထဲမှာမှ ပါစတာရဲ့ မိသားစုတစ်စုလုံး အကုန်လုံးပါသွားတယ် သူ့အိမ်အနားလောက်မှာ ကျတာမျိုးဖြစ်လို့ သူ့အိမ်ပါ အကုန်လုံး လုံးဝပျက်စီးသွားတာပေါ့ အဲလိုမျိုးအခြေအနေတော့ ရှိတယ်” လို့ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ မိသားစုဝင် ၃ ဦးစလုံး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်သင်းအုပ်ဆရာကတော့ ခြေတဘက်

ပြတ်သွားတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရ ၅ ဦးထဲမှာ ၄ ဦးဟာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ချင်းညီနောင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကန်ပက်လက်၊ မင်းတပ် မြို့တွေကိုလည်း ဧပြီလ အစောပိုင်းဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်လာနေပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေပါတယ်။

မတူပီမြို့ကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *