နယူးဒေလီရှိ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို UNHCR ဘက်က အသိမှတ်ပြုကဒ်တွေ အမြန်ထုတ်ပေးဖို့ တောင်းဆို

ဧပြီလ ၁၆ ရက်။

အိန္ဒိယနိုင်ငံ၊ နယူဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committe – New Delhi (CRC)ဥက္ကဌဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများက နယူဒေလီက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ အမြန်ဆုံးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Protection Unit (ကတာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်နေ့ကတွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ CRC က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ အမြန်ဆုံးပေးနိုင်ရန် တင်ပြတောင်းဆိုခဲ့တယ်လို့ CRC က ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လတ်တလော အတည်ပြုထားတဲ့ နိုင်ငံခြားသားများနဲ့ ရွှေ့ပြောင်းနေထိုင်သူများ အတွက် ဥပဒေအရ ဘုရားကျောင်းအချို့တွင် စစ်ဆေးခံခဲ့ရပြီး ယာယီကဒ်ကိုင်ဆောင်သူများကို နေရပ်ပြန်လည်ပို့ဆောင်မည်ဆိုသော ပြောဆိုမှုများရှိတာကြောင့် UNHCR က လုံခြုံရေးအရ ခြိမ်းခြောက် ခံရတဲ့ ခိုလှုံခွင့်တောင်းခံသူများ ကို အသိအမှတ်ပြုရန်တင်ပြခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းသူများ ၊နှစ်ရှည်နေထိုင်သူများနှင့် ရပ်တည်နေထိုင်ရန် ခက်ခဲသူ များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန်ကိုလည်း တောင်းဆိုခဲ့သည်။

UNHCR – Protection Unit ဘက်က တာဝန်ရှိသူများကလည်း တင်ပြတောင်းဆိုမှုများကို တာဝန်ရှိသူများထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်းနှင့် လာမည့် မေလ တွင် ဒုက္ခသည်များနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအပါအဝင်တာဝန်ရှိသူများနှင့် (Open House) အစည်းအဝေးပြုလုပ်သွားမည်ဖြစ် ကြောင်းပြန်လည်ပြောဆိုခဲ့တယ်လို့ CRC ကထုတ်ပြန်ပါတယ်။

CRC ဘက်က တောင်းဆိုမှုများကို UNHCR က ဖြည်ဆည်းလုပ်ဆောင်ပေးခြင်းရှိမရှိ ကို စောင့်ကြည့် သွားမည်ဖြစ်ပြီး ထူးခြားတိုးတက်သော အပြောင်းအလဲများ မရှိပါ က CRC အနေဖြင့် လိုအပ်ချက်များ ရရှိနိုင်ရန် အခြားသောနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

May be an image of 13 people

Leave a Reply

Your email address will not be published. Required fields are marked *