ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second Round ပြန်လည်ကျင်းပ

ဧပြီလ ၂၅ ရက်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ်နားခဲ့ရကာ မနေ့ ဧပြီ၂၄ ရက်နေ့က စပြီးMyanmar Star ပြိုင်ပွဲ Final Second Round Performance (ဒုတိယ အကြိမ် အလှည့်ကျ ဖျော်ဖြေမှု ) ကို Popular Song Week အမည် ဖြင့် ပြန်လည် ကျင်းပလာကြောင်းတိုက်ရိုက် ထုတ်လွင့်မှုများအရ သိရပါတယ်။

Myanmar Star အနေဖြင့် မန္တလေးငလျင် ကြောင့် ပြိုင်ပွဲ အစီအစဉ်များကို ခေတ္တရပ်နားမည် ဖြစ်ပြီး ပြိုင်ပွဲ ဆက်လက် ကျင်းပမယ့် အချိန်ကို ပြန်လည် ကြေငြာသွားမယ် လို့ မတ်လ ၂၉ ရက်နေ့မှာ သူတို့၏ Facebook ကနေ ကြေငြာ ခဲ့ပြီး ငလျင်ဘေး ကူညီကယ်ဆယ်ရေး အတွက် Khine Hnin Wai Foundation ကနေတဆင့် ကျပ် သိန်း၁၀၀ လှူဒါန်းခဲ့တယ် လို့လည်း ဖော်ပြခဲ့ပါတယ်။

ငလျင်ဘေး မတိုင်ခင် Myanmar Star မှ နောက်ဆုံး ပြုလုပ်ဖြစ်တဲ့ Final First Round Performance ကို English Song Week အဖြစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပ ဖျော်ဖြေ ယှဉ်ပြိုင် သွားခဲ့ပါတယ်။

Myanmar Star အနေဖြင့် Top 4 နှင့်Grand Final ကျင်းပမယ်လို့ ပြောထားပေမယ့် Save Song ဖြင့် KD Seng Awng နှင့် Ngwa Chay Tar တို့အပါအဝင် ပြိုင်ပွဲဝင် ၆ ဦးဖြင့် Grand Final အစီအစဉ်တွေ ကျင်းပလာခဲ့တာတွေ့ခဲ့ရ ပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့တဲ့ Grand Final ပွဲကြီးကိုတော့ မေလ ၉ ရက်နေ့ည မှာ ကျင်းပမှာ ဖြစ်ပြီး ယင်းညမှာတော့ ပြိုင်ပွဲဝင် တွေ အနေနဲ့ တေးရေးဆရာ ဝေကြီးရဲ့ Winner Song နဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ လည်း Myanmar Star ရဲ့ ဖော်ပြချက် အရ သိရှိခဲ့ရပါတယ်။

မတ်လ ၂၀ ရက်နေ့ Final First Round Performance မှာ တော့ Myanmar Star ရဲ့ ဒိုင်သုံးဦး နေရာမှာ အဆိုတော် မေခလာ အစား အဆိုတော် ရေဗက္ကာဝင်း က တာဝန်ယူလာတာ တွေ့ရသလို ဧပြီလ ၂၄ ရက်နေ့ Final Second Round Performance မှာတော့ ဒိုင်လူကြီး အဖြစ် အစဉ် ဆောင်ရွက်လာ ခဲ့သူ တေးရေးဆရာ စောခူဆဲ အစား ဆရာ ဥက္ကဦးသာ က ဆောင်ရွက်လာတာ တွေ့ခဲ့ရ ပါတယ်။

Myanmar Star Finalist ထဲမှာတော့ ချင်းလူငယ် နှစ်ဦးဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi အပါအဝင် Nan Ni, Saw Myo Razar Kyaw, KD Seng Awng နှင့် Ngwa Chay Tar တို့ ပါဝင်ပြီး လာမယ့်အပတ် Final Third Round Performance မှာတော့ ကိုယ့်ဘဝနဲ့ သက်ဆိုင်တဲ့ သီချင်းများ နဲ့ ဖျော်ဖြေ ယှဉ်ပြိုင်သွားမယ်လို့ သိခဲ့ရ ပါတယ်။

ဆုကြေးငွေ အဖြစ် Winner ကို မြန်မာငွေကျပ် သိန်းတစ်ထောင်၊ First Runner Up ကို သိန်းလေးရာ နှင့် Second Runner Up ကို သိန်း တစ်ရာ အသီးသီး ချီးမြှင့် သွားမယ်လို့လည်း Myanmar Star ရဲ့ ကြေငြာချက် အရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *