ကနေဒီတောင် အနောက်ဘက် တီးတိန်လမ်းပေါ်မှာ ကုန်တင်ယာဉ် တစ်စီး ဘရိတ်ပေါက် ပြီး တိမ်းမှောက်

ဧပြီလ ၂၇ ရက်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင် အနောက်ဘက် လမ်းမကြီး ပေါ်ရှိ Dollam စခန်းအလွန် လမ်းကွေ့ တစ်နေရာမှာ ကုန်တင်ကား တစ်စီး ဘရိတ်ပေါက် ကာ တိမ်း‌မှောက်ခဲ့‌ပြီး လူ ထိခိုက်မှု မရှိဘူး လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူ ဒေသခံ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

“ကား က ကုန်းအဆင်း မှာ ဘရိတ်ပေါက် သွားတာ။ ကားဆရာ က ဂီယာ ထိန်းမောင်းပြီး စပယ်ယာ ခုန်ဆင်းကာ ရမ်းတုံး နဲ့ ခု လိုက် ပေမယ့် ရမ်းတုံး ကြေသွားတယ်။ ဂီယာ နဲ့ ထိန်းပြီး ဖြည်းဖြည်း ချင်း ဆင်းသွတာ လမ်းကွေ့ နေရာ ရောက်တော့ တိမ်းမှောက် သွားတယ် လို့ သိရတယ်။ လူ အထိအခိုက်တော့ မရှိဘူး” ဆိုပြီ ကယ်ဆယ်ရေး လုပ်ဆောင်သူ ဒေသခံ လူငယ် ၁ ဦးမှ ပြောပြပါတယ်။

အဆိုပါ လမ်းကွေ့ဟာ ကလေး-တီးတိန် လမ်းမ ပေါ်ရှိ သိုင်းငင်းလမ်းခွဲ ကနေ ၁၆ ကီလိုမီတာ၊ Dollam ရွာကနေ နှစ်ဖာလုံခန့်၊ကနေဒီ တောင်ထိပ်၏ အနောက်ဘက် တွင် တည်ရှိပြီး ဒေသခံတွေကတော့အန္တရာယ်ကွေ့လို့ သတ်မှတ် ထားတယ် လို့လည်း သိရှိရပါတယ်။

“အရင် နှစ်တွေ အဲနားမှာ မတော်တဆမှု ဖြစ်ပြီး အမျိုးသမီး တစ်ဦး သေဆုံး ခဲ့တယ်။ ဘာသာရေး လုပ်ထုံးလုပ်နည်း အပြည့်အစုံ မလုပ်ခဲ့တော့ အဲ နောက်ပိုင်း မတော်တဆ မှု ပိုများလာတယ် လို့ ခရီးသွားတွေ ပြောလာ ကြတယ်။ ကျွန်တော် သိ သလောက် ဆို ၂၀၂၄ ခုနှစ် နှစ်ဦး ပိုင်းမှာ ဆိုင်ကယ် တစ်စီး လမ်းအောက် ချောက်ထဲ ကျသွား ခဲ့တယ်။ လမ်းမ ကနေ ပေ ၁၂၀ လောက်ထိ ရောက်တော့ အတော် ရှာလိုက်ရတယ်။ ကောင်လေး ကတော့ ပေါင် ကျိုးသွားတယ်။ အရင်က မှန်လုံ တစ်စီး တိမ်းမှောက် ဖူးတယ်။ ၂၀၁၅ တုန်း က ထင်တယ်။ မိုးတွင်းမြေပြို လမ်းပိတ်တုန်း က လမ်းပွင့်ချိန် စောင့်ရင်း တန်းစီ တဲ့ ကားတစီး ပေါ်မှာ ယာဉ် လုပ်သား တစ်ဦး သေဆုံး ခဲ့တယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးမှာ လည်း နောက် ကားတစ်စီး တိမ်းမှောက် ဖူးတယ်” လို့ အဆိုပါဒေသခံ လူငယ်မှ ယင်း နေရာတဝိုက် အတွင်း အဖြစ်အပျက်များ ကို လည်း ထပ်မံ ပြောပြပါတယ်။

“ကျွန်တော်တို့ မသိတဲ့ မတော်တဆမှု တွေလည်း အများကြီး ရှိသေးတယ်။ သဘာဝလွန် တွေလို ပြောကြတာ ရှိသလို တစ်ဖက်မှာ သိပ္ပံ နည်းကျ ကြည့် လိုက်ရင် လမ်းက တောက်လျှောက် ကောင်းနေရာ ကနေ ကုန်းဆင်း နဲ့ ချိုးကွေ့ တဲ့နေရာ ဖြစ်သွား လို့ မတော်တဆ ဖြစ်တာ များတာမျိုး လည်း ဖြစ်နိုင်တယ်။ ဘာ ဖြစ်ဖြစ် အန္တရာယ် ရှိတဲ့ နေရာ တခု အဖြစ် မှတ်ယူ သတိထား သင့် ပါတယ်” လို့ ဒေသခံ ကိုပီတာက သုံးသပ်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *