Headlines

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပို့ခံရတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှုရှိဖို့ India For Myanmar အဖွဲ့ကတောင်းဆို

ဧပြီလ ၂၅ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်ကနေ မြန်မာနိုင်ငံ၊စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်အများကြီးမှုတည်ကာ၊အိန္ဒိယအစိုးရကိုတောင်းဆိုနေကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောပါတယ်။

မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်က မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို အိန္ဒိယဘက်ကတာဝန်ရှိသူတွေက စစ်ကောင်စီထံ မတ်လ ၂၁ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးနယ်စပ်ကနေ တဆင့်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဆိုပါလွှဲပြောင်းပေးပို့ခံရသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ စစ်ကောင်စီက တမူးမြို့အချုပ်ထဲမှာ ဆက်လက်ဖမ်းချုပ်ထားတာလို့ သိရပါတယ်။

India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က “ကျနော်တို့လည်း အဲလိုဘဲသိထားတယ် ဒါပေမယ့် ကျနော်တို့လည်း လုံးဝအဆက်အသွယ်မရတဲ့အခါကြတော့ တက်နိုင်ဆုံး မိသားစုတွေနဲ့ ချိတ်ဆက်နေပါတယ် လာလောဆယ်အခြေအနေထိကတော့ ဒီလိုစစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ကတော့ ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးပေါ့ ဒီလိုလုပ်ဆောင်လာမှာ ဖြစ်လာမှာကိုစိုးရိမ်တာမို့လို့ အစကတည်းက မလွှဲပေးဖို့ တောင်းဆိုခဲ့တာပေါ့ စကစ လက်ထဲမှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေကကျတော့ ကျနော်တို့ အနေနဲ့ကတော့ လွှဲပေးတဲ့နိုင်ငံ သက်ဆိုင်ရာနိုင်ငံရဲ့တာဝန်ယူမှုတာဝန်ခံမှု အပေါ်မှာအများကြီး မူတည်တယ်လို့ ကျနော်တို့ယူဆပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်း ကျနော်တို့အနေနဲ့ အိန္ဒိယအစိုးရကိုလည်း လောလောဆယ်ဖိအားပေး နေတဲ့ဟာ ရှိတယ်” လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊အင်ဖားထောင်ကနေ စစ်ကောင်စီထံ လွှဲပြောင်းပေးပို့ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး ၂၇ ယောက်ဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကလို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ ၃ ကြိမ်တိုင်တိုင် လွှဲပြောင်းပေးပို့်ခဲ့ပြီခဲ့ဖြစ်ပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁၃၀ ဦး ဝန်းကျင်ခန့်ရှိပြီလို့လည်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *