
ဧပြီလ ၁ ရက်။
မြန်မာပြည်သူထောင်ချီသေဆုံးခဲ့ရပြီး ပြည်သူသိန်းချီအိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ငလျင်ဘေးကြီးမှာ မြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ လူမှုကူညီရေးအသင်းအဖွဲ့များစွာရှိတဲ့အနက် ပြည်တွင်း/ပြည်ပက ချင်းလူမျိုးစေတနာရှင်တွေနဲ့စုစည်းထားတဲ့ Chinland Foundation လည်းအပါအဝင်ဖြစ်ပါတယ်။
လက်ရှိမှာ Chinland Foundation ဟာ ရန်ကုန်မြို့ကနေ ငလျင်ဘေးသင့်မန္တလေးမြို့မှာ စေတနာ့ဝန်ထမ်း ၂၀ ကျော်နဲ့သွားရောက်လုပ်အားပေးကူညီရင်း ငလျင်ဘေးသင့်ပြည်သူတွေကို သူတို့ယူဆောင်လာတဲ့ ငွေကြေး/ပစ္စည်းလှူဒါန်းနေပါတယ်။
လက်ရှိမှာ ငလျင်ဘေးသင့် မန္တလေးမြို့ကိုရောက်နေပြီး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ Chinland Foundation အသင်းဥက္ကဌ Saya TT@ Saya Thawng Tha Thang က ဒီကနေ့ ဧပြီလ ၁ ရက်မနက်မှာ စစ်ကိုင်း၊ မန္တလေး ကယ်ဆယ်ရေးလုပ်ငန်းအတွက်သိန်း ၅၀၀ ထပ်လှူပါ့မယ် လို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။
“ စစ်ကိုင်း၊ မန္တလေး ကယ်ဆယ်ရေးလုပ်ငန်းအတွက်သိန်း ၅၀၀ ထပ်လှူပါ့မယ်။
၂၄ နာရီ Golden day ပြီးတော့၊ အခု ၇၂ နာရီGolden hours တွေကျော်နေပေမယ့် အံဩစရာကောင်းအောင် အသက်ရှင်လျှက် ကယ်ထုတ်နိုင်သူ တစ်ချို့ရှိနေသေး တာမို့ ကယ်ဆယ်ရေးငန်းများအတွက် Chinland foundation နှင့် Gospel For Myanmar မှ သိန်း ၅၀၀ ထပ်လှူပါ့မယ်။
ကယ်ထုတ်လို့မရသေးသောသူတွေအတွက် အရမ်းကို စိုးရိမ်ဝမ်းနည်းမိပါတယ်။ ဆုတောင်းကြပါစို့၊ ကိုယ် တတ်နိုင်တဲ့ဖက်ကနေကြိုးစားကြပါစို့။”
