Headlines

ZFU / PDF Zoland ဟာစစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ထုတ်ပြန်

မတ်လ ၃၁ ရက်။

ZFU / PDF Zoland ဟာ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ တစ်ရပ်အနေဖြင့် စစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ ZFU / PDF Zoland တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် မတ်လ ၃၀ ရက်စွဲနဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ZFU/PDF Zoland ကထုတ်ပြန်ပါတယ်။

၄ နှစ်တာကာလအတွင်း လမ်းပြပို့ဆောင်တဲ့ ဘုရားသခင်နဲ့ တော်လှန်ရေးခရီးတစ်လျှောက် အားပေးထောက်ခံတဲ့ ပြည်သူလူထုတစ်ရပ်လုံးပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်းနဲ့ ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးအတွင်း အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း လေးစားဂုဏ်ပြုကြောင်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတွေ ခြေလက်အင်္ဂါဆုံးရှုံးသူတွေ ပိုင်ဆိုင်မှုဆုံးရှုံးသူများအားလုံးကိုလည်း လေးစားအသိမှတ်ပြုတယ်လို့ ZFU/PDF Zoland က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်အဆင့် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ICNCC / Chin Brotherhood နဲ့အတူလက်တွဲပြီး ပြည်သူလူထု လိုလားတောင်းတနေတဲ့ စစ်အာဏာရှင်လက်အောက်ကနေ ချင်းပြည်တစ်ခုလုံး လွတ်မြောက်လာနိုင်တဲ့ထိ အစွန်းကုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ZFU/PDF Zoland က ဆိုပါတယ်။

ZFU / PDF Zoland ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်တဲ့ တွန်းဇံ၊ တီးတိန်၊ ကလေးနဲ့ နိုင်ငံအသီးသီးက မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ခေါင်းဆောင်များက ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကာ ယခုနှစ် မတ်လ ၃၀ ရက်မှာတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *