Headlines

Mobile Phone တွေမှာ မတူ(ချင်း)ဘာသာစကား Dictionary Application အသုံးပြုနိုင်ပြီ

မတ်လ ၁၁ ရက်။

Mobile Phone တွေမှာ မတူ(ချင်း) ဘာသာစကား အဘိဓါန် အက်ပလီကေးရှင်း (Matu Dictionary Application )ကို Android Phone Playstore မှာ ဒေါင်းလုတ်ဆွဲ အသုံးပြုလို့ ရနေပြီလို့ သိရပါတယ်။

မတူ(ချင်း) ဘာသာစကား အဘိဓါန်အက်ပလီကေးရှင်း ဖြစ်မြောက်ရေး ကြိုးစားဆောင်ရွက်သူ Salai Tinaung Takluem က “လက်ရှိ Android Versio မှာသုံးလို့ရတယ် IOS တော့ အကောင့်မရှိသေးဘူး။ IOS developer fee က US $ 100 တာင်းတယ် ပေးရမယ့် ဈေးကမလွယ်ဘူး။Android ကတော့ $ 25 လာက်တောင်းတယ် ဒီအတွက်လည်း အလှူရှင်က ကျတော်ကိုယ်စား သွင်းပေးတယ် မတူပီဘာသာစကား အဘိဓါန်မှာ စာလုံးရေလည်း ဒီထက်ပိုများအောင်ထည့်သွင်းဖို့ရှိတယ် လက်လှမ်းမမီတာလည်း ရှိတယ် အထူးသဖြင့် နည်းပညာဆိုင်ရာ အသုံးအနှုန်းက ခက်ခဲတယ်” လို့လည်း ပြောပါတယ်။

မတူ(ချင်း) ဘာသာစကား အဘိဓါန်အက်ပလီကေးရှင်းထဲမှာ မတူစကားဝေါဟာရ (၈၀၀၀) ကျော်ပါဝင်သလို မတူဒေသမှာ ပေါက်တဲ့ အပင်တွေကိုလည်း အင်္ဂလိပ် အမည်၊ သိပ္ပံအမည်တွေနဲ့ ရှင်းပြထားပြီး ခရစ်ယာန်သမ္မကျမ်းစာ ဝေါဟာရကိုလည်း Hebrew / Greek နဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။

Salai Tinaung Takluem ဟာ ၁၉၉၂ ခုနှစ်ကတည်းက မတူပီ (ချင်း) စကားကိုလေ့လာပြုစုစုဆောင်းခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အိတ်ဆောင်အဘိဓါန်ထုတ်ဝေခဲ့ပြီး နောက်ပိုင်း ေခတ်နဲ့အညီ အကုန်ကျသက်သာတဲ့ Digital Platform ကိုသာဦးတည်လာခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *