
အမေရိကန်နိုင်ငံ၊ အင်ဒီယားနာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ချင်းကလေးငယ် တစ်ဦးဟာ မတ်လ ၂၄ ရက်နေ့မှာ အမဲလိုက်ရိုင်ဖယ်သေနတ်ကျည် မတော်တဆထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဇာတိဖြစ်ကြတဲ့ Pa Van Pek နဲ့ Nu Van Sui Eng တို့ရဲ့ အကြီးဆုံးသားဖြစ်တဲ့ Salai Nehemiah Van Pek Thang အသက် (၁၁) နှစ်အရွယ်ဟာ မတ်လ ၂၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်က ဆွေမျိုးမင်္ဂလာဆောင်က အပြန် ဆွေမျိုးတစ်ဦးရဲ့ကြက်ခြံမှာ ခရီးခဏ ရပ်နားချိန်မှာ အမဲလိုက်ရိုင်ဖယ်ကို စမ်းသပ်စဉ် မတော်တဆ မောင်းပြုတ်ပြီး ကလေးကို ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။