Headlines

ဟားခါးမြို့မှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ အဆမတန်မြင့်တက်

မတ်လ ၂၇ ရက်။

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ ၂ သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဈေးတက်သွားတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးမလာတာက ၅ ရက်လောက်တော့ ရှိတော့မယ် အခုတလော မီးမလာတော့ မီးသွေးဈေးက ၂၅၀၀၀ လောက်ကနေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိတော့မယ် မီးမလာတော့ မီးသွေးခတွေ ဈေးတက်တယ် ဟားခါးမှာ ကုန်ဈေးနှုန်းက သိတဲ့အတိုင်း အကုန်ဈေးကြီးနေတာပေါ့” လို့ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ဟားခါးမှာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တနေ့ပြီးတစ်နေ့ ဈေးတက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မီးသွေးတစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်ကနေ အခုလို မီးပျက်တာရက်ပိုင်းအကြာမှာ ကုန်ဈေးနှုန်းတွေထပ်မြှင့်တက်တာလို့လည်း သိရပါတယ်။

အခုတလောဟားခါးမြို့မှာ ဖုန်းလိုင်းတွေလည်း တပတ်လောက်ပိတ်ထားရာကနေ မနေ့ မတ်လ ၂၆ ရက်နေ့ကစလို့ MPT လိုင်းတွေ ပြန်ရတာလို့သိရပြီး ဖုန်းလိုင်းက အရမ်းအဆင်ပြေတဲ့ အခြေအနေမဟုတ်ဘူးလို့လည်း ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်စွာဖြစ်နေတဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ဟားခါးမြို့ကို ဒေသအသီးသီးကနေ စစ်ဘေးရှောင်နေတဲ့လူဦးရေဟာ ၄ ထောင်ဝန်းကျင်နီးပါးလောက် ရှိတယ်လို့လည်း သိထားရပြီး ကြက်ခြေနီအဖွဲ့က ထောက်ပံ့ပစ္စည်းပေးတာတွေကိုလည်း အခုရက်ပိုင်းအတွင်း လုပ်ခဲ့တယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *