
မတ်လ ၁၀ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီ(အရှိုချင်း)ရွာက ဒေသခံ ဒေါ်ပလွန် (၅၄)နှစ်နဲ့ မိုင်အက်စတာမန်း (၁၈) နှစ် အရွယ် သားအမိ တို့ကို စစ်ကောင်စီက သံသယရှိတယ်ဆိုပြီး မတ်လ (၇) ရက်နေ့က ဖမ်းဆီးခဲ့ကာ ဒီကနေ့အချိန်ထိပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ငဖဲမြို့နယ်က လက်နက်စက်ရုံ(က.ပ.စ) က စစ်ကောင်စီ အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ဆိုင်ကယ် (၇) စီးတို့နဲ့ စပ်စီရွာကို မတ်လ (၇)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး ဒေါ်ပလွန်နဲ့သူသမီး မိုင်အက်စတာမန်းတို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “အဲဒီနေ့က သူတို့အိမ်က လက်တော့ပ်တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်ကောင်စီက သိမ်းသွားတယ် ပြီးတော့ စပ်စီရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတွေက ဖျက်ဆီးလိုက်တယ်” လို့ပြောပါတယ်။
ငဖဲမြို့နယ်၊ စပ်စီ(ချင်း)ရွာဟာ အိမ်ခြေ ၈၀ ကျော်ရှိပြီး အရှိုချင်းလူမျိုးတွေ နေထိုင်တဲ့ကျေးရွာလို့လည်း သိရပါတယ်။
