Headlines

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ မဟုတ်ရင် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြော

မတ်လ ၇ ရက်။

အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံကိုသွားရောက်ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအကြောင်း ထုတ်ဖော် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမယ်လို့ ကြေညာထားပေမယ့် နေ့ရက်အတိကျကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သေးတာဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းလုံးနီးပါး စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေတယ်လို့လည်း နိုင်ငံရေးပါတီတချို့ကထုတ်ဖော်ပြောကြားထားပါတယ်။

Members of Myanmar’s Union Election Commission (UEC) speak during a demonstration of voting machines to be used in future elections in Yangon on September 5, 2023. Myanmar’s junta will likely hold elections in 2025, party officials told AFP on September 5, even as the military struggles to crush resistance to its rule. (Photo by AFP)

Leave a Reply

Your email address will not be published. Required fields are marked *