Headlines

မြန်မာနိုင်ငံမှာ ငလျင် ကြောင့် သေဆုံးသူ ၁၆၄၄ ဦးရှိလာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိလာ

မတ်လ ၂၉ ရက်။

မတ် ၂၉ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၆၄၄ ဦး ရှိလာကာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိပြီးမန္တလေးတိုင်းဒေသကြီးမှာ ငလျင် ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း အသေးစိတ်အချက်အလက်ကို ဆက်ကောက်ယူနေတယ်လို့၊အိန္ဒိယ၊တရုတ်ကနိုင်ငံတကာအကူအညီများ ဒီနေ့မတ်လ ၂၉ ရက်မှာ စတင် ရောက်ရှိနေကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမတ်လ ၂၈ ရက်ညက မြန်မာငလျင်နဲ့ပတ်သက်ပြီးမိန့်ခွန်း ပြောကြားရာမှာ “လက်ရှိယခုအချိန်ထိ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံးကြောင်းနဲ့ ဒဏ်ရာရတာကတော့ ၇၃၂ ဒဏ်ရာရခဲ့တယ်သိရပါတယ် သေဆုံးမှုနဲ့ ဒဏ်ရာရ အခြေအနေတွေ ဒီထက်မက တိုးလာနိုင်ခြေရှိပါတယ်” လို့ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ငလျင် ကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး အတွင်း လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသည့် စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်ကြောင်း နှင့် အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူလျက်ရှိကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ မန္တလေးမြို့ရဲ့ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်၉၃ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အဆောက်အအုံပြိုကျပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ ဒေသ တွေကို အရေးပေါ်အခြအနေအဖြစ် စစ်ကောင်စီရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း ကြေညာထားပါတယ်။

အင်အားပြင်း ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကူညီသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၈ ရက်မှာ ကတိပြုခဲ့ပါတယ်။“ဒါက ကြောက်စရာဖြစ်ရပ်ပါ အဲဒါ တကယ်ကို ဆိုးပါတယ်၊ ငါတို့ ကူညီသွားမယ် အဲဒီနိုင်ငံနဲ့ စကားပြောပြီးပါပြီ” လို့ ထရမ့်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *