
မတ်လ ၄ ရက်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်က ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီး ကြောင့် မီးလောင်ဒဏ်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် ချင်းလူငယ် တစ်ဦးဟာ မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ပြည်သူ့ ဆေးရုံမှာ ဆေးကုသနေစဉ် ဒီကနေ့ မတ်လ ၄ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ကွယ်လွန်သူရဲ့ဆွေမျိုး အသိုင်းအဝိုင်း ထံမှ သိရှိရပါတယ်။
“ဖေဖော်ဝါရီလ ၁၀ နေ့မှာ တွန်းဇံမြို့နယ် ဆိုင်ပီးမွာလ်ရွာ ဘက်မှာ ခရီးသွားရင်း တောမီး လောင်ကျွမ်း သွားတာပါ။ သူ့နဲ့ အတူ ပါတဲ့ အဖော်တွေက Champhai ဆေးရုံကို ဖေဖော်ဝါရီလ ၁၁ နေ့မှာ ပို့ခဲ့တယ်။ မီးလောင်ဒဏ်က ပြင်းထန်တော့ Champhai ဆေးရုံ ကနေ Aizawl ဆေးရုံ ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လွှဲ ပေးခဲ့တယ်။ Aizawl ပြည်သူ့ ဆေးရုံ ကနေ ဒီနေ့ ညနေပိုင်းမှာ ကွယ်လွန် သွားခဲ့တယ်” လို့ ကွယ်လွန်သူရဲ့ ဆွေမျိုး တစ်ဦး က Chin World Media ကိုပြောပြပါတယ်။
ကွယ်လွန်သူဟာ တီးတိန် မြို့နယ် ကျိန်ပီးကွတ် ရွာသား Tg Suan Khan Kim ဖြစ်ပြီး အသက် ၁၅ နှစ် ရှိပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။
ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို တော့ မီဇိုရမ်ပြည်နယ် အိုက် ေဇာလ် မြို့ကနေ ဇာတိ ဖြစ်တဲ့ တီးတိန်မြို့နယ် ကျိန်ပီးကွတ်ရွာကို သယ်ယူသွားမှာ ဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ သင်္ဂြိုလ်သွားမှာ ဖြစ်တယ် လို့လည်း ကျေးရွာ နာရေး ကြေငြာချက် အရ သိရှိရ ပါတယ်။





