Headlines

တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦးသေဆုံးပြီး နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း CDF – Hakha ထုတ်ပြန်

မတ်လ ၂၁ ရက်။

တော်လှန်ရေး (၄) နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး၊ နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ CDF – Hakha တပ်ဖွဲ့ရဲ့ ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာထုတ်ပြန်တဲ့တော်လှန်ရေး ၄ နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDF – Hakha ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ဟားခါးမြို့တွင်းနဲ့ အခြားနေရာတွေမှာ တိုက်ပွဲပေါင်း ၃၂၆ ကြိမ်ဆင်နွှဲခဲ့ပြီး တိုက်ပွဲအတွင်း CDF – Hakha ရဲဘော် ၅၂ ဦး အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၁၈၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့မတရားဖမ်းဆီးနှိပ်စက်ခြင်းခံနေရတဲ့ အရပ်သားပြည်သူ ထောင်ကျော်ရှိခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရေးအတွက် CDF – Hakha အနေနဲ့ တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် ပြည်သူလူထုနဲ့ အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် CDF – Hakha ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်လာခဲ့တယ်လို့လည်း CDF – Hakha ရဲ့ တော်လှန်ရေး ၄ နှစ်ပြည့်မှာထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *