Headlines

စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး၂၈၀ ကျော်သေဆုံး၊၄၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

မတ်လ ၄ ရက်။

စစ်ကောင်စီအာဏာသိမ်းမှုအလွန် ၄ နှစ်တာအတွင်း ချင်းလူမျိုး ၉၈၃ဦးကျော် သေဆုံးခဲ့ပြီဖြစ်ပြီး အဲဒီသေဆုံးမှုတွေထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကြိမ် ကြောင့် ချင်းလူမျိုး၂၈၀ ကျော်သေဆုံးခဲ့ရကာ၊၄၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

ချင်းပြည်နယ်အတွင်းနဲ့ ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးတွေနေထိုင်တဲ့ ဒေသတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုက ၄ နှစ်တာကာလအတွင်း ချင်းလူမျိုးအရပ်သား အယောက် ၂၀၀ ကျော်သေဆုံးခဲ့ရပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဘက်က ၈၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၄၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ ချုပ်(ICA) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၃၈၄ အိမ်ကျော်၊ ဘာသာရေးအဆောက်အဦး ၃၉ လုံး နဲ့ အစိုးရအဆောက်အဦး ၄၀ ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းလူမျိုး ၉၈၃ ဦးကျော် သေဆုံးမှုအထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၈၀ ကျော်ရှိကာ ရာခိုင်နှုန်းအားဖြင့် ၂၂ ဦးအထိရှိပြီး အဲဒီမှာအရပ်သားသေဆုံးမှုက ၂၀၀ ကျော်ဖြစ်ပြီး အရပ်သားသေဆုံးမှုက ၇၁ ရာခိုင်နှုန်းရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်ကသေဆုံးမှုက ၈၀ ကျော်ရှိကာ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းသာ ရှိတာကိုတွေ့ရတယ်လို့ ချင်းရေးရာအဖွဲ့ ချုပ်(ICA) ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

လေးနှစ်တာကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် အရပ်သားပြည်သူတွေရှိရာကို ဦးတည်တိုက်ခိုက်နေတာ ထင်ရှားတယ်လို့လည်း ချင်းရေးရာအဖွဲ့ ချုပ်(ICA) ကဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *