ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရတဲ့မြန်မာပြည်သူတွေအတွက် UFC ဖိုက်တာ Joshua Van က GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေး

မတ်လ ၃၀ ရက်။

UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့အပြင် GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးနေတယ်လို့ သိရပါတယ်။

https://gofund.me/3ed7e389 ဒီလင့်ခ်မှာ ဧပြီလ ၅ ရက်အထိ လှူဒါန်းနိုင် ကြောင်း UFC Fighter Joshua Van က သူ့ရဲ့ Facebook မှာ ပြောကြားထားပါတယ်။

မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာမြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လက်ရှိမှာ UFC ပြိုင်ပွဲပေါင်း (၇) ပွဲအထိ ထိုးသတ်ထားပြီး ၆ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး UFC Flyweight အဆင့် ၁၄ နေရာမှာ ရှိသူလည်းဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မတ် ၂၉ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၆၄၄ ဦး ရှိလာကာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိပြီး မန္တလေးတိုင်းဒေသကြီးမှာ ငလျင် ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း အသေးစိတ်အချက်အလက်ကို ဆက်ကောက်ယူနေတယ်လို့၊အိန္ဒိယ၊တရုတ်ကနိုင်ငံတကာအကူအညီများ မတ်လ ၂၉ ရက်မှာ စတင်ရောက်ရှိနေကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

LAS VEGAS, NEVADA – MARCH 08: during the UFC 313 event at T-Mobile Arena on March 8, 2025 in Las Vegas, Nevada. (Photo by Mike Roach/Zuffa LLC)

Leave a Reply

Your email address will not be published. Required fields are marked *