ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ ဇွန်လ (၇) ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

မတ်လ ၂၇ ရက်။

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ဟာလာမယ့် ဇွန်လ (၇) ရက်နေ့မှာ ကျင်းပမယ့် UFC 316 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်တဲ့ကြောင်း Joshua Van က သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။

Joshua Van နဲ့ Bruno Silva ကိုပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပတဲ့ UFC 313 မှာ ပွဲတည်ပေးခဲ့ဖူးပေမယ့် အဲဒီတုန်းက Bruno Silva က နုတ်ထွက်ခဲ့တာကြောင့် ပွဲမဖြစ်လိုက်ရဘဲ Joshua Van က ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ခဲ့ရပြီး UFC 316 မှာ ထပ်ပြီးပွဲပြန်တည်ပေးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်တော့ ထပ်ပြီးနုတ်ထွက်လို့မရတော့ဘူးလို့လည်း သိရပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးဖိုက်တာ Bruno Silva ဟာ အရပ် ၅ ပေ ၄ လက်မရှိပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ထိ Bantamweight တန်းမှာ ထိုးခဲ့ပြီး ၂၀၂၁ ကနေ စပြီး Flyweight တန်းကို ကူးပြောင်းကာ လက်ရှိအချိန်ထိ ထိုးနေတာဖြစ်ပြီး သူ့ရဲ့ MMA Fight Record က ၂၃ ပွဲထိုး ၁၄ ပွဲနိုင် ၆ ပွဲရှုံး ၂ ပွဲသရေ ရလဒ်ရရှိထားပြီး UFC Flyweight Ranking ၁၂ သတ်မှတ်ခံထားသူဖြစ်ပါတယ်။

မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် (၂၃)နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ကတော့ ဖိုက်တာဘဝမှာ MMA Fight Record မှာ ၁၅ ပွဲထိုးသတ်ထားပြီး ၁၃ ပွဲနိုင်၊ ၂ ပွဲရှုံးထားပြီး UFC ပြိုင်ပွဲအတွင်းမှာလည်း ပွဲပေါင်း ၇ ပွဲအထိ ထိုးသတ်ထားပြီဖြစ်ကာ ၆ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးထားပြီး UFC Flyweight အဆင့် ၁၄ နေရာမှာ ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *