
ဖလမ်းမြို့ရှောင်လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ပြုပြီလို့ ထုတ်ပြန်
ဖေဖော်ဝါရီလ ၃ ရက်။ လုံခြုံရေးအရ မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကနေ ၁၀ ဘီးကားနဲ့အထက် မော်တော်ယာဉ်ကြီးတွေကလွဲရင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ရပြီလို့ Falam Regional Committee က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ သွားလာနေကြတဲ့ ခရီးသွားမိဘပြည်သူတွေအနေနဲ့ (၁၀) ဘီးနှင့် အထက်ကားကြီးတွေကလွဲရင် Skat ကား၊ Forland ကား၊ Haimual ကား၊ အိမ်စီးကားတွေနဲ့ ၆ ဘီးကားတွေအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်တယ်လို့ Falam Regional Committee က အသိပေးထားပါတယ်။ Falam Regional Committee က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃…