
မတူပီမြို့မှာပြန်လာနေထိုင်သူ တစ်ဖြည်းဖြည်းတိုးလာပြီး လက်ရှိ ၂၀၀၀ ဝန်းကျင် ပြန်လာနေထိုင်ပြီလို့ သိရ
ဖေဖော်ဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေ အားဖြင့် ၂ ထောင်ဝန်းကျင်လောက် ပြန်လာနေထိုင်နေပြီလို့ မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “လက်ရှိမတူပီမြို့ကို ပြန်လာနေထိုင်တာ ၂၀၀၀ လောက်ရှိပြီ ပြန်လာနေကြဆဲဖြစ်တယ်၊ တစ်ပတ် တစ်ပတ်ကိုလည်း လူဦးရေတိုးလာပါတယ်” လို့ ပြောပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က မတူပီမြို့ပေါ်မှာ လူဦး ရေ ၁ သောင်းခန့် နေထိုင်ကြောင်းသိရပါတယ်။ မနှစ် ၂၀၂၄ ခုနှစ်က မတူပီမြို့နယ်မှာ ဖြစ်ခဲ့တဲ့…